ပွဲချိန် ၇၄ မိနစ်မှာ ခါယာအသင်းက ပင်နယ်တီရရှိခဲ့တာပါ။
Pyae Phyo Thein

ဒီနေ့ညနေပိုင်းက ကစားခဲ့တဲ့ ရှမး်ယူနိုက်တက် နဲ့ ခါယာအက်ဖ်စီတို့ရဲ့ AFC Cup အုပ်စုအဖွင့်ပွဲမှာတော့ ဖိလစ်ပိုင်ကလပ် ခါယာက ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ခါယာအသင်းက ၂ဂိုးသွင်းယူခဲ့ကာ အနိုင်ကစားနိုင်ခဲ့ပြီး အဝေးကွင်းမှာ ၃မှတ်ရရှိခဲ့ပါတယ်။

ခါယာအသင်းရဲ့အဖွင့်ဂိုးကိုတော့ ပွဲချိန် ၇၄ မိနစ်မှာ ပင်နယ်တီကတဆင့် ရရှိခဲ့တာဖြစ်ပြီး ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ အဆိုပါပင်နယ်တီက အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့တယ်လို့ နှစ်ဖက်အသင်းနည်းပြကပြောဆိုခဲ့ပါတယ်။ Duwun Sports ရဲ့ မေးမြန်းမှုအပေါ်မှာ ဖြေဆိုခဲ့ကြတာဖြစ်ပြီး ပွဲရလဒ်ကို အပြောင်းအလဲဖြစ်စေခဲ့တယ်လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။ 

ခါယာအသင်းနည်းပြဗေကန့်က "ပင်နယ်တီက အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့တယ်ဆိုတာမှန်ပါတယ်၊ ဒါကြောင့်လည်း ကစားသမားတွေ စိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်ခဲ့ပြီးတော့ နောက်ထပ်တစ်ဂိုးရယူနိုင်ခဲ့တာပါ၊ ဒီပွဲကို အနိုင်ယူဖို့အတွက် ကြိုတင်ပြင်ဆင်လာခဲ့ပြီး နိုင်ပွဲရခဲ့လို့ ကျေနပ်မိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ရှမ်းယူနိုက်တက်နည်းပြချုပ်ဦးအောင်နိုင်ကလည်း "ပင်နယ်တီကလည်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ပေါ့၊ ဒါနဲ့ပတ်သက်ပြီးတော့ စောဒကတက်စရာမရှိပါဘူး၊ အလှည့်အပြောင်းလေးတော့ ဖြစ်သွားတာပေါ့၊ ကျွန်တော်တို့အမြင်မှာတော့ ဒါက မရှင်းမလင်းတော့ ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒိုင်လူကြီးဆုံးဖြတ်ချက်ကို လက်ခံရမှာပါ၊ ရင်ဆိုင်ရမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

ရှမ်းယူနိုက်တက်ကတော့ အုပ်စုအဖွင့်ပွဲကို အိမ်ကွင်းမှာကစားခဲ့ရပေမယ့်လည်း ခြေစွမ်းမပြနိုင်ခဲ့ဘဲ အရေးနိမ့််ခဲ့တာဖြစ်ပါတယ်။ ဒီအုပ်စုမှာ စင်ကာပူကလပ်တန်ပနိစ်ရိုဗာစ် နဲ့ အင်ဒိုနီးရှားကလပ် PSM တို့ ပါဝင်နေပြီး ရှမ်းယူနိုက်တက်အနေနဲ့ ဒုတိယပွဲအဖြစ် PSM နဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အဝေးကွင်းပွဲသွားရောက်ကစားရမှာဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က