ဟံသာဝတီအသင်းအနေနဲ့ ခံစစ်၊ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေခဲ့တာပါ။
Win Kyaw Min

အမှတ်ပေးဇယားထိပ်ပိုင်းအသင်းအများစု နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ရက်သတ္တပတ်ဖြစ်လာခဲ့ပါတယ်။

MPT MYANMAR NATIONAL LEAGUE 2020 ရဲ့ ပွဲစဉ်-၇ အပြီး စစ်ကိုင်းယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ဟံသာ ဝတီယူနိုက်တက်အသင်းအနေနဲ့ အမှားအယွင်းမရှိအမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေ ရာက ရန်ကုန်ယူနိုက်တက်အသင်းကို ရမှတ် ၄မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ပွဲစဉ်-၇ ရဲ့ စနေနေ့ပွဲစဉ်မှာ အမှတ်ပေးဇယားထိပ်ပိုင်းအသင်းနှစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ရှမ်းယူနိုက် တက်တို့ ၂-၂သရေကျခဲ့တဲ့အတွက်လည်း အခုလိုအမှတ်ပေးဇယားရပ်တည်မှုအတွက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ခဲ့ တာလည်းဖြစ်ပါတယ်။



ဆောက်သမ်းမြန်မာအသင်းကတော့ အိမ်ကွင်းမှာ ချင်းယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး တန်းဆင်းဇုန်ုကေ နရုန်းထွက်နိုင်ဖို့အခြေအနေကောင်းခဲ့သလို ဇွဲကပင်ယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက်ကတော့ တစ်ဖက်တစ်ဂိုးစီ နဲ့သာ ပွဲပြီးဆုံးခဲ့တာပါ။

အခြားထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ဧရာဝတီယူနိုက်တက်နဲ့ရတနာပုံအသင်းတို့ကလည်း ပွဲချိန်အတွင်း ၁-၁ ဂိုး သရေရလဒ်သာထွက်ပေါ်ခဲ့တဲ့အတွက် အမှတ်ပေးဇယားရပ်တည်မှုပိုင်းအပြောင်းအလဲမဖြစ်ခဲ့တာလည်းဖြ စ်ပါတယ်။

လာမယ့်ပွဲစဉ်-၈မှာတော့ ဟံသာဝတီယူနိုက်တက်အနေနဲ့ ဧရာဝတီယူနိုက်တက်ကို ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် နောက်ထပ်ပွဲကြပ်တစ်ပွဲထပ်မံကစားရဖို့ရှိနေပြီး ရန်ကုန်ယူနိုက်တက်က ရခိုင်ယူနိုက်တက်၊ ရှမ်းယူနိုက်တက် က ချင်းယူနိုက်တက်၊ ဆောက်သမ်းမြန်မာက ရတနာပုံ၊ ISPE က ဇွဲကပင်၊ စစ်ကိုင်းယူနိုက်တက်က မကွေးအ သင်းတို့ကို အသီးသီးရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က