ဟံသာဝတီရဲ့ နိုင်ပွဲဆက် စံချိန်ကို ဘယ်သူ ရပ်တန့်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် ၆ အပြီးမှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဟံသာဝတီက ရတနာပုံကို ထပ်မံ အနိုင်ယူပြီး အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဆက်လက်ဦးဆောင်ထားနိုင်ဆဲပါ။
ဒုတိယနေရာက ရန်ကုန်ယူနိုက်တက်အသင်းကလည်း အဝေးကွင်းမှာ ဆောက်သမ်းကို တိုက်စစ်မှူး သန်းပိုင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး ဟံသာဝတီကို ဖိအားပေးထားနိုင်ပါတယ်။

အလားတူပဲ တတိယနေရာက ဧရာဝတီကလည်း ချင်းကို ၁-၀ နဲ့ပဲ အနိုင်ယူပြီး နည်းပြလက်မဲ့ ဖြစ်နေခဲ့တဲ့ ၅ ပွဲ စလုံးကို အနိုင်ကစားကာ ဟံသာဝတီကို ထပ်ချပ်မကွာ လိုက်နေဆဲပါ။
လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကတော့ ၅ ပွဲကစား ရဂိုး ၁ ဂိုး ရမှတ် ၁ မှတ်သာရှိသေးတဲ့ ဇွဲကပင်ကို ခက်ခက်ခဲခဲ ကစားပြီး အဆင့် ၄ နေရာကို ဆက်လက်ကိုင်ဆုပ်ထားနိုင်ပါတယ်။

ရခိုင်ကတော့ မကွေးကို အိမ်ကွင်းမှာသရေကျခဲ့လို့ ISPEကို ၆-၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ စစ်ကိုင်းနဲ့ ၁ မှတ်သာ ကွာတော့တဲ့ အနေအထားကို ရောက်သွားပါပြီ။
လာမယ့် အပတ်မှာတော့ ရန်ကုန်နဲ့ရှမ်း၊ဧရာဝတီနဲ့ရတနာပုံ၊ISPEနဲ့မကွေး၊ဆောက်သမ်းနဲ့ချင်း၊ဇွဲကပင်နဲ့ရခိုင်၊ဟံ သာဝတီနဲ့စစ်ကိုင်းတို့ တွေ့ဆုံနေပါတယ်။
အမှတ်ပေးဇယားထိပ်ပိုင်းက ရန်ကုန်နဲ့ရှမ်းတွေ့ဆုံနေလို့ အနိုင်အရှုံးပေါ်ခဲ့ရင်တော့ အမှတ်ပေးဇယား အပြောင်းအ လဲ ဖြစ်ဖို့ ရှိနေပါတယ်။