loading...

loading...

loading...

အုပ်စုနောက်ဆုံးပွဲမှာ နီပေါကိုအနိုင်ရရုံနဲ့ခြေစစ်ပွဲအောင်မှာပါ။
Ye Yint Htay

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စုဒုတိယပွဲအဖြစ် မြန်မာ ယူ-၁၉ အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းနဲ့ သြစတြေးလျယူ-၁၉ အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းတို့ ဒီနေ့ည ၇နာရီက မန္တလေးမြို့၊ မန္တလာသီရိကွင်းမှာယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအသင်းက သြစတြေးလျအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ကာ ၃-၁ ဂိုးနဲ့ ရှုံးခဲ့ရပါတယ်။

မြန်မာ ယူ-၁၉ အသင်းဟာ အာရှခြေစစ်ပွဲ အုပ်စုဒုတိယပွဲအဖြစ် အုပ်စုတွင်းအင်အားအတောင့်တင်းဆုံး အသင်းဖြစ်တဲ့ သြစတြေးလျအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပါတယ်။ မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဒေါ်သက်သက်ထွန်းဟာ ဒီနေ့ပွဲမှာ ဂိုးပြတ်ရှုံးခဲ့ရင်တောင် နီပေါအသင်းကို အနိုင်ရရင် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မှာဖြစ်လို့ အဓိက ကစားသမားအချို့ကို အနားပေးပြီး အရန်ကစားသမားအချို့ကို ပွဲထုတ်အသုံးပြုခဲ့ပါတယ်။

သြစတြေးလျအသင်းကတော့ ကမ္ဘာ့အဆင့်အသင်းပီပီ မြန်မာအသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် မြန်မာ ယူ-၁၉ အသင်းရဲ့ နည်းစနစ်တကျတုံ့ပြန်ကစားပုံက ချီးကျုးစရာကောင်းခဲ့ပြီး သြစတြေးလျအသင်း ထင်တိုင်းကစားခွင့်မရအောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သြစတြေးလျအသင်းရသွားတဲ့ သွင်းဂိုးတွေထဲမှာ တချို့သွင်းဂိုးတွေက မြန်မာကစားသမားတွေရဲ့အတွေ့အကြုံအားနည်းချက်ကြောင့်ပေးရတာကလွဲပြီး မြန်မာအသင်းကစားပုံဟာ အဆင့်တစ်ခုရှိတာကို လက်ခံရမှာဖြစ်ပါတယ်။

မြန်မာယူ-၁၉အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို လူစားဝင်တိုက်စစ်မှူး မြတ်နိုးခင်က သွင်းယူခဲ့တာပါ။ မြန်မာယူ-၁၉အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဧပြီလ ၃၀ရက်မှာ နီပေါအသင်းနဲ့ကစားရမှာဖြစ်ပြီး အနိုင်ရရုံနဲ့ ခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က