မနှစ်က အေအက်ဖ်စီးဖလားပြိုင်ပွဲမှာ စီးရက်စ်က ရန်ကုန်ကို အနိုင်ယူထားတာပါ။
Kyaw Ko Ko Sint

စီးရက်စ်နဲ့ မနှစ်က အေအက်ဖ်စီဖလားပြိုင်ပွဲမှာ နှစ်ကျော့တွေ့ဆုံထားပြီး ပထမအကျော့မှာ စီးရက်စ်က ၄-၂ ဂိုးနဲ့ အနိုင်ရကာ ဒုတိယအကျော့မှာတော့ ရန်ကုန်က ၃ - ၂ ဂိုးးနဲ့ ပြန်လည်အနိုင်ရထားပါတယ်။

Photo - YUFC



ဖိလစ်ပိုင်နိုင်ငံမှာ ကစားခဲ့တဲ့ စီးရက်စ်နဲ့ရန်ကုန်အသင်းတို့ရဲ့ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ရန်ကုန်အတွက် တိုက်စစ်မှူး မီလ်လာက ၂၉ မိနစ်မှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်း မပြီးခင်မှာပဲ စီးရက်စ်အသင်း ချေပဂိုးပြန်ရခဲ့လို့ ပထမပိုင်းအပြီးမှာ တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ပါတယ်။

Photo - Ceres

ဒုတိယပိုင်းမှာတော့ လူငယ်တိုက်စစ်မှူး ကောင်းထက်စိုးက ဒီပွဲမှာ ရန်ကုန်အသင်း အနိုင်ရစေမယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ ပွဲအပြီးမှာ ရန်ကုန်က ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

တစ်ကျော့သာ ကစားရတာ ဖြစ်တာကြောင့် ရန်ကုန်အသင်းဟာ ဒုတိယအဆင့် ခြေစစ်ပွဲကို တက်လှမ်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထိုင်းကလပ် ချင်းရွိုင်အသင်းနဲ့ ကစားရမှာပါ။

Photo - Ceres

ဒီနှစ် မြန်မာနေရှင်နယ်လိဂ် နောက်ဆုံး ကစားထားတဲ့ ၂ ပွဲဆက် တစ်ပွဲရှုံး တစ်ပွဲသရေနဲ့ ရမှတ် တစ်မှတ်သာ ရယူထားနိုင်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရန်ကုန်နည်းပြချုပ် ဦးမျိုးမင်းထွန်းအတွက် ဖိအားတွေကနေ ရုန်း ထွက်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် ဦးမျိုးမင်းထွန်းက ချန်ပီယံလိဂ်ပြိုင်ပွဲကို ပစ်မှတ်မထားပဲ အေအက်ဖ်စီဖလားပြိုင်ပွဲကိုသာ ပစ်မှတ်ထား ထားတယ်လို့ ပြောထားတာကြောင့်လည်း အခုပြိုင်ပွဲက သူ့အတွက် ဖိအားမရှိနေတာ သေချာပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က