လက်ကျန် ၂ပွဲစလုံး နိုင်ရင် ချန်ပီယံ ဖြစ်ပါပြီ။

ရန်ကုန်နဲ့ တစ်ရာသီတည်း ဖလား ၃လုံး ယူခဲ့တဲ့စံချိန်အပြီး ဟံသာဝတီအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အမှတ်ပေးဖလားရနိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်နေတာ ဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက်အသင်းနဲ့အတူ ပထမဆုံးအကြိမ် အမှတ်ပေးဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ လက်တစ် ကမ်း အကွာမှာ ရှိနေပေမယ့်လည်း စံချိန်တွေကို စိတ်မဝင်စားဘူးလို့ နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောပါတယ်။



ဦးမျိုးမင်းထွန်းအနေနဲ့ ၂၀၁၈ခုနှစ်မှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ အမှတ်ပေးဖလား၊ရှုံးထွက်ဖလားအပါအ ဝင် ကွင်းဖွင့်ဖလား ၃ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးစံချိန်ကောင်းတွေ တင်ရှိထားသူပါ။

ယခုနှစ် ဟံသာဝတီအသင်းကို ပြောင်းလဲ တာဝန်ယူချိန်မှာလည်း ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် အမှတ်ပေးဖလား ရနိုင်မယ့် လက်တစ်ကမ်းအကွာကို ရောက်နေတာဖြစ်သည့်တိုင် စံချိန်တွေကို စိတ်မဝင် စားပဲ ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံး လုပ်ဆောင်နေတာပါလို့ ဦးမျိုးမင်းထွန်းက ပြောပါတယ်။

“ကျွန်တော့် ရင်ဘတ်ပေါ်မှာရှိတဲ့ တံဆိပ်ပေါ်မှာ အပြည့်အဝ ပေးဆပ်တာပါ။အခု ဟံသာဝတီရှိတယ် အဲ့ဒီအတွက် ဟံသာဝတီအသင်းအပေါ် ၁၀၀ ရာခိုင်နှုန်း အပြည့်ပေးဆပ်မှာပါ။နောက်ပြီး စံချိန်တွေကိုလည်း စိတ်မဝင်စားဘူး။ တစ်နေ့တာ၊တစ်နှစ်တာမှာ ဘယ်လောက်ထိ အကောင်းဆုံး လုပ်နိုင်လဲဆိုတာပဲ စိတ်ဝင်စားတယ်။”လို့ ဦးမျိုးမင်း ထွန်းက ဆိုပါတယ်။

ဟံသာဝတီအသင်းအနေနဲ့ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲပြီးဆုံးဖို့ လက်ကျန် ၂ပွဲအလိုမှာ ချန်ပီယံ ဖြစ်ဖို့ ဧရာဝတီ၊ရှမ်းယူနိုက်တက်အသင်းတို့နဲ့ အပြိုင် ဖြစ်နေပါတယ်။

လက်ကျန် ၂ပွဲကိုတော့ မကွေး၊ဧရာဝတီအသင်းတို့နဲ့ ကစားရမှာ ဖြစ်ပြီး ၂ပွဲစလုံးအနိုင်ရပါက သေချာပေါက် ချန်ပီ ယံ ဖြစ်ပါပြီ။

Share

Loading Next Article...
က္က