loading...

loading...

loading...

ISPE နဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူစေခဲ့တာပါ။
Pyae Phyo Thein

ISPE နဲ့ နေရှင်နယ်လိဂ်ပွဲစဉ်မှာ ကြည်လင်းက ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက်လာခဲ့ပြီးနောက် ကျော်ဇင်ထက်က သူ့ရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။


ရန်ကုန်ယူနိုက်တက်အသင်းရဲ့ဂိုးသမားကျော်ဇင်ထက်က အသင်းရဲ့ဝါရင့်ကစားသမားကြည်လင်းကို နောက်ထပ်တစ်ကြိမ်အသင်းခေါင်းဆောင်လက်ပတ်ပေးသွားဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ISPE နဲ့ နေရှင်နယ်လိဂ်ပွဲစဉ်မှာ ကြည်လင်းက ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက်လာခဲ့ပြီးနောက် ကျော်ဇင်ထက်က သူ့ရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကြည်လင်းကတော့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ၀ါရင့်ကစားသမားဖြစ်ပြီး နေရှင်နယ်လိဂ်ပြိုင်ပွဲစတင်ကတည်းက ရန်ကုန်ယူနိုက်တက်အသင်းမှာကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၉ ဘောလုံးရာသီမှာတော့ ဇွဲကပင်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ခြေစွမ်းပြကစားနိုင်ခဲ့လို့ ၂၀၂ဝရာသီအတွက် ရန်ကုန်က ပြန်လည်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် လက်ရှိမှာတော့ အရန်ကစားသမားအဖြစ်နဲ့သာပွဲထွက်ခွင့်ရရှိနေခဲ့ပြီး ကျော်ဇင်ထက်က အသင်းဖော်အပေါ် လေးစားမှုအပြည့်အဝရှိပြီး စိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်စေဖို့အတွက် အသင်းခေါင်းဆောင်လက်ပတ်ကို ပေးအပ်ခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။ နောက်ထပ်တစ်ကြိမ်အခွင့်အရေးရှိဦးမယ်ဆိုရင်လည်း အခုလိုပဲ ထပ်မံပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

"အရင်ပွဲတွေကတည်းက သူ့ကိုပေးချင်ခဲ့တာပေါ့၊ ဒါပေမယ့်အခြေအနေအကြောင်းကြောင်းကြောင့်မပေးလိုက်ရဘူး၊ သူကအသင်းမှာလည်း နှစ်တော်တော်များများကစားခဲ့တယ်၊ ကျွန်တော်ကလည်း သူ့အပေါ်လေးစားမှုအပြည့်အဝရှိပါတယ်၊ သူ့ကို အသင်းကိုလည်း ဦးဆောင်စေချင်တယ်၊ ပြီးတော့ သူ့စိတ်ဓာတ်အကျပိုင်းကို နည်းနည်းလေးရောက်နေလို့ စိတ်ဓာတ်ပိုင်းကို ပြန်မြှင့်တင်ပေးချင်တာလည်းပါပါတယ်"

"သူ လူစားဝင်လာမှမဟုတ်ပါဘူး၊ ပွဲထွက်ရမယ်ဆိုရင်လည်း ကျွန်တော်ပေးသွားမှာပါ၊ AFC ပွဲမှာလည်း ပေးဖို့ရှိပါတယ်၊ သူ ကစားခွင့်ရတယ်ဆိုတာနဲ့ ကျွန်တော် အသင်းခေါင်းဆောင်လက်ပတ်ကို ပေးသွားမှာပါ" လို့ ကျော်ဇင်ထက် Duwun Sports ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့ပါတယ်။ ကြည်လင်းကတော့ ISPE နဲ့ပွဲစဉ်မှာ လူစားဝင်လာခဲ့ပြီးနောက် အခွင့်အရေးကောင်းတချို့ကို ဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ 


loading...

က္က