ဆေးစစ်မှုများနဲ့အတူ ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။

ယမန်နေ့ည ၁၀ နာရီဝန်းကျင်က စစ်တွေမြို့၊ ပြည်ထောင်စုလမ်းပေါ်တွင် ဆိုက်ကယ်မတော်တဆမှုဖြစ်ပွားခဲ့ခြ င်း ကြောင့် အခုလိုစိုးရိမ်ရအခြေအနေနဲ့ရင်ဆိုင်နေရတာပါ။

ရခိုင်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဇော်သိန်းဝင်းဟာ ယမန်နေ့ညပိုင်းက စ စ် တွေမြို့မှာ ဆိုက်ကယ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး နံရိုးကျိုးဒဏ်ရာအပြင် ဦးခေါင်းခွံအရိုးကျိုးအက် ဒဏ်ရာတွေရရှိခဲ့ခြင်းကြောင့် စိုးရိမ်ရအခြေအနေဖြစ်နေခဲ့တဲ့အတွက် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင် ရန် စီစဉ်နေတယ်လို့ အသင်းတာဝန်ရှိသူက DuwunSports ရဲ့ဆက်သွယ်မေးမြန်းမှုကိုအတည်ပြု ခဲ့ ပါတယ်။

အသင်းရဲ့ထုတ်ပြန်ချက်အရ ကွင်းလယ်ကစားသမားဇော်သိန်းဝင်းအနေနဲ့ မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်အပြီး ညပိုင်းတွင် စစ်တွေမြို့၊ ပြည်ထောင်စုလမ်းပေါ်တွင် ဆိုက်ကယ်မ တော်တဆမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးဆုံးပါးခဲ့ခြင်းနဲ့အတူ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်တယ် လို့ သတင်းထုတ်ပြန်ခဲ့တာပါ။



“ ဒဏ်ရာကတော့ စိုးရိမ်ရအခြေအနေဖြစ်လို့ စောင့်ကြည့်နေရဆဲပါ။ ဒီကနေ့ညနေ ဆေးစစ်မှုအချို့ပြု လုပ်ပြီး ရန်ကုန်ဆေးရုံကြီးကိုပိုပြီး ကုသနိုင်ဖို့ ဆရာဝန်ဆီက ခွင့်တောင်းဖို့ရှိနေပါတယ်။ နံရိုးကျိုး တဲ့အ ပြင် ဦးနှောက်အတွင်းပိုင်းလဲ သွေးယိုစီးမှုအချို့ရှိနေခဲ့လို့ စိုးရိမ်ရဆဲအခြေအနေမှာရှိနေပါတယ် ” လို့ ရခိုင်ယူနိုက်တက်အသင်းမီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦးက DuwunSports ကို အတည်ပြုပေးခဲ့ပါ တယ်။

လက်ရှိအခြေအနေမှာ အရေးပေါ်အခြေအနေအဖြစ် စောင့်ကြည့်နေရဆဲဖြစ်ပြီး စစ်ေ တွဆေးရုံ ရဲ့ခွင့် ပြုချက်ရရှိပါက ရန်ကုန်သို့ လေယာဉ်ဖြင့်ပို့ဆောင်ပြီး ရန်ကုန်ဆေးရုံကြီး မှာကုသမှုခံယူဖို့အတွက် အသင်းကစီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ရခိုင်ယူနိုက်တက်အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်တဲ့ ဇော်သိန်းဝင်းရဲ့အခြေအနေ ကို အသင်းဥက္ကဋ္ဌဦးဇော်မင်းသိန်းရဲ့ လမ်းညွှန်မှုနဲ ့အတူ ဒုတိယဥက္ကဋ္ဌဦးနေထက်လင်းက အနီးကပ် ဆောင်ရွက်မှုများပြုလုပ်ပေးနေပြီး အခင်းဖြစ်နေရာမှာ ကွယ်လွန်ခဲ့တဲ့ အမျိုးသမီးဖြစ်သူကတော့ဇော်သိန်းဝင်းရဲ့ ရည်းစားဖြစ်တယ်လို့လည်း အသင်းရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။

Share

Loading Next Article...
က္က