ကောင်းဆက်နိုင် ဆက်သွယ်လာတယ်လို့ ကနဦးသိရပါတယ်။

ကောင်းဆက်နိုင်က ဆက်သွယ်လာလို့ အဖွဲ့ချုပ်ဖက်က လိုအပ်တာ ဆောင်ရွက်ပေးပြီး ကလပ် အသင်းနဲ့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်စေဲ့တယ်လို့ သိရပါတယ်။

စင်ကာပူ ထိပ်တန်းကလပ်အသင်းတစ်သင်းက မြန်မာ့လက်ရွေးစင် ကစားသမားတစ်ဦးကို အလိုရှိနေတာ ကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဆက်သွယ် လာခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူးဦးကိုကိုသိန်းက DuwunSportsကို ပြောပါတယ်။





“ အဖွဲ့ချုပ်ကတဆင့် ဆက်သွယ်လာလို့ ကျွန်တော် ကစားတွေကိုတော့ ပြန်မျှဝေထားပါတယ်။အခုလောလော ဆယ်တော့ ကောင်းဆက်နိုင် ဆက်သွယ်လာလို့ ကျွန်တော် လိုအပ်တဲ့ အဆက်အသွယ်တွေပေးပြီး တိုက်ရိုက်ပဲ ဆက်လက် ချိတ်ဆက်ဆောင်ရွက်စေလိုက်ပါတယ်။”လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

ကောင်းဆက်နိုင်ကတော့ စင်ကာပူမှာ မိသားစုနဲ့အတူ အခြေချနေထိုင်နေတဲ့ မြန်မာ့လက်ရွေးစင်ဟောင်း ကစားသမားတစ်ဦးဖြစ်ပြီး မနှစ်ကတော့ စစ်ကိုင်းယူနိုက်တက်အသင်းနဲ့အတူ မြန်မာနေရှင်နယ်လိဂ်မှာ ကစားခဲ့ပါတယ်။

၂၀၁၆ ကနေ ၂၀၁၈ အထိ ထိုင်းလိဂ်-၂ ကလပ် ဆာမတ်ဆာခွန်အသင်းမှာ ကစားခဲ့သူ တစ်ဦးဖြစ်ပြီး အဲ့ဒီ မတိုင်ခင် ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားခဲ့သူပါ။

စင်ကာပူလိဂ်ကိုတော့ မြန်မာ ကစားသမားအချို့ သွားကစားခဲ့ဖူးပြီး အောင်ကျော်နိုင်၊ကျော်ဇေယျာဝင်း အစရှိတဲ့ မြန်မာ့လက်ရွေးစင် ကစားသမားတွေ ကစားဖူးပါတယ်။

စင်ကာပူလိဂ်မှာတော့ ကလပ်အသင်း ၉ သင်းရှိပြီး ဂျပန်ကလပ် အဲဘရစ်နီဂါတာနဲ့ ဘရူနိုင်းကလပ် DPMM အသင်းတို့လည်း ပါဝင်ကစားနေပါတယ်။

Share

Loading Next Article...
က္က