အဖွဲ့ချုပ်နဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့တာပါ။
Kyaw Ko Ko Sint

လက်ရှိနည်းပြချုပ် ဦးမင်းကြည်က နည်းစနစ်အကြံပေးအဖြစ် ဆက်လက် တာဝန်ယူသွားမယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းမှာ လက်ထောက်နည်းပြလုပ်ခဲ့တဲ့ ဦးဇော်လင်းထွန်းက လက်ရှိမှာ မိခင်ကလပ် စစ်ကိုင်း ယူနိုက်တက်အသင်းထံ နည်းပြချုပ် အဖြစ် ပြန်လည်ရောက်ရှိသွားပြီလို့ DuwunSportsကို ပြောလာပါ တယ်။



“ကျွန်တော် အဖွဲ့ချုပ်နဲ့ ရှိနေတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီး စစ်ကိုင်းအသင်းကို နည်းပြချုပ်အဖြစ် ပြန်သွားတာ ပါ။စစ်ကိုင်းအသင်းကိုတော့ ကျွန်တော် ပစ်သွားလို့ မရပါဘူး။စစ်ကိုင်းအသင်းကို ကျွန်တော် အရမ်းချစ်ပါတယ်။ ဒါကြောင့်ပဲ အသင်းကို ပြန်သွားတာပါ။”လို့ ဦးဇော်လင်းထွန်းက ပြောလာပါတယ်။

ဦးဇော်လင်းထွန်းကတော့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် အန်တိုနီဟေးရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

စစ်ကိုင်းယူနိုက်တက်အသင်းကိုတော့ ယခင် မဟာယူနိုက်တက်အသင်းအဖြစ် စတင် အသင်းတည်ထောင်စဥ် ကတည်းက နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဦးဇော်လင်းထွန်း နည်းပြချုပ် ဖြစ်လာတာကြောင့် လက်ရှိ နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးမင်းကြည်က နည်းစနစ်အကြံပေးအဖြစ် အသင်းမှာ ဆက်လက် တာဝန်ယူသွားမယ်လို့လည်း သိရပါတယ်။


စစ်ကိုင်းယူနိုက်တက်အသင်းကတော့ ဒီရာသီ မြန်မာနေရှင်နယ်လိဂ်မှာ ၄ ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ ၂ ပွဲရှုံးပြီး အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ဆက်စပ်အကြောင်းအရာများ


Author


က္က