ဧရာဝတီမကစားရသေးခင် ၃ မှတ် အသာရရှိထားပါတယ်။
Pyae Phyo Thein

ဒီပွဲအနိုင်ရခဲ့လို့ ဟံသာဝတီတို့ ဧရာဝတီအသင်းမကစားရသေးခင်မှာ ၃ မှတ်အသာနဲ့ ဦးဆောင်ခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့ရတဲ့ ဟံသာဝတီကတော့ စစ်ကိုင်းနဲ့အတွေ့မှာ ဂိုးပြတ်နိုင်ပွဲပြန်လည်ရယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ရှမ်းယူနိုက်တက်ကို အရေးနိမ့််ခဲ့လို့ ဧရာဝတီနဲ့ ရမှတ်တူသွားပြီး ချန်ပီယံဆုအတွက် ခြိမ်းခြောက်ခံလာရတဲ့ ဟံသာဝတီဟာ ရှုံးပွဲဆက်နေတဲ့ စစ်ကိုင်းကို ပထမပိုင်းမှာကတည်းက ဂိုးပြတ်သွင်းထားခဲ့ပါတယ်။

ဒေါ်နယ်ဘစ်ဆာ နဲ့ အီမာကာတို့ တိုက်စစ်အတွဲကို ပွဲထုတ်ခဲ့ပြီး ဟိန်းထက်အောင်လည်း ပါဝင်လာခဲ့လို့ ဟံသာဝတီတိုက်စစ်က တောင့်တင်းနေခဲ့ပါတယ်။ စစ်ကိုင်းကတော့ ရှုံးပွဲဆက်နေမှုကို ချေဖျက်ဖို့ အကောင်းဆုံးလူစာရင်းနဲ့ ရင်ဆိုင်ခဲ့ပေမယ့်လည်း ဟံသာဝတီကိုတော့ ယှဉ်မရခဲ့ဘဲ နောက်ထပ်ရှုံးပွဲတစ်ပွဲ ရင်မှာပိုက်သွားခဲ့ရပါတယ်။

ဟံသာဝတီက ယုံကြည်ချက်အပြည့်နဲ့ကစားခဲ့တာကိုတွေ့ရပြီး တကယ်လည်းကစားပုံက အရင်ပွဲတွေကအတိုင်း ကောင်းမွန်ခဲ့ပါတယ်။ လာမယ့်ပွဲတွေမှာ ဧရာဝတီကအသင်းကြီးတွေနဲ့့ ဆက်တိုက်တွေ့ရမှာကြောင့် နိုင်ပွဲရအောင်ယူထားရမယ့်ပွဲအတွက် ဟံသာဝတီက သေချာပြင်ဆင်ခဲ့ပြီး သုံးမှတ်ရယူခဲ့ကာ ပြီးခဲ့တဲ့ရှုံးပွဲကနေ ရုန်းထွက်ပြခဲ့ပါတယ်။ 

ဂိုးပြတ်အနိုင်ရပြီးတဲ့နောက်မှာ ဦးမျိုးမင်းထွန်းက အဓိကကစားသမားတွေကို အနားပေးဖို့ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဦးဇော်လင်းထွန်းရဲ့ စစ်ကိုင်းကတော့ ရှုံးပွဲဆက်နေမှုတွေကနေ ရုန်းမထွက်နိုင်သေးဘဲ ကြီးမားတဲ့ရှုံးပွဲတစ်ပွဲနဲ့ ထပ်ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲအနိုင်ရခဲ့လို့ ဟံသာဝတီတို့ ဧရာဝတီအသင်းမကစားရသေးခင်မှာ ၃ မှတ်အသာနဲ့ ဦးဆောင်ခဲ့ပါတယ်။ 

ဟံသာဝတီအတွက်ဂိုးတွေကိုတော့ မျိုးဇော်ဦးက ၂ဂိုး၊ ဒေါ်နယ်ဘစ်ဆာ နဲ့ အီမီကာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။ လာမယ့်ပွဲတွေအဖြစ် ဟံသာဝတီက ရခိုင်၊ စစ်ကိုင်းက ဧရာဝတီတို့နဲ့ ကစားသွားရမှာဖြစ်ပြီး ချန်ပီယံဆုအတွက်ကတော့ တော်တော်လေးစိတ်ဝင်စားစရာကောင်းနေခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က