ဗီယက်နမ်ကို အနိုင်ကစားနိုင်ပါက ၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲ နောက်ဆုံးအဆင့်ရဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်ပါသေးတယ်။
တောင်ကိုရီးယားမှာ ကျင်းပနေတဲ့ ၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲ နောက်ဆုံးအဆင့် အုပ်စုပတ်လည်ပွဲမှာတော့ မြန်မာအသင်းက အိမ်ရှင် တောင်ကိုရီးယားအသင်းကို ၇ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းအနေနဲ့ အုပ်စု ဒုတိယပွဲအဖြစ် ဗီယက်နမ်အသင်းနဲ့ ဆက်လက်ကစားရဖို့ရှိနေပြီး ဆီမီးဖိုင်နယ် တက်ချင်ပါက အနိုင်ကစားဖို့ လိုနေပါတယ်။
မြောက်ကိုရီးယားအသင်းက ပြန်လည်နှုတ်ထွက်သွားခဲ့တာကြောင့် အုပ်စုတွင်း ၃သင်းသာရှိတာ ဖြစ်ပြီး အခြား အုပ်စု (ခ)မှာတော့ အိမ်ရှင် ဩစတြေးလျ၊ထိုင်း၊တရုတ်(တိုင်ပေ)နဲ့ တရုတ်အသင်းတို့ ပါဝင်နေပါတယ်။
မြန်မာအသင်းအနေနဲ့ အုပ်စုတွင်း နောက်ဆုံး ပြိုင်ဖက်အဖြစ် ဗီယက်နမ်အသင်းနဲ့ ကစားဖို့ ကျန်သေးပြီး ဗီယက်နမ် အသင်းက တောင်ကိုရီးယားကို အနိုင်မရခဲ့ပဲ မြန်မာအသင်းထက် ပိုများတဲ့ ဂိုးကွာခြားချက်နဲ့ ရှုံးနိမ့်ခဲ့မ ယ်ဆိုရင်တော့ မြန်မာအသင်းအတွက် သရေကစားနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာပါ။
မဟုတ်ရင်တော့ သေချာပေါက် အနိုင်ကစားမှသာလျှင် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး အခြား အုပ်စု(ခ) မှာတော့ တရုတ်(တိုင်ပေ)အသင်းက ထိုင်းအသင်းကို ၁-၀ နဲ့ နိုင်ထားလို့ အုပ်စုကို ဦးဆောင်နေပါတယ်။
တစ်အုပ်စုစီက ၂ သင်းစီ ဆီမီးဖိုင်နယ် တက်ရောက်မှာ ဖြစ်ပြီး ဆီမီးဖိုင်နယ်ကို နှစ်ကျော့စနစ်နဲ့ ကစားရမှာ ဖြစ်ကာ အနိုင်ရတဲ့ အသင်း ၂ သင်းက ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲကို အာရှတိုက် ကိုယ်စားပြုပြီး ပါဝင်ခွင့်ရမှာ ပါ။