တိုက်စစ်ပိုင်းအတွက် ဘုတ်အဖွဲ့နဲ့တိုင်ပင်ပြီး လိုအပ်သလိုလုပ်ဆောင်ဖို့ရှိနေပါတယ်။
Win Kyaw Min

အဓိကတိုက်စစ်မှူးကိပ်ဒဏ်ရာရရှိနေခြင်းကြောင့် ရှမ်းယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းကရုန်းကန်နေရတာ လည်းဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၉ အပြီး အမှတ်ပေးဇယားထိပ်ပိုင်းအသင်းများတွင် သွင်းဂိုးအနည်းဆုံးဖြစ်နေခဲ့တဲ့ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းက အခက်အခဲအချို့ရှိနေခဲ့ပေမယ့် လိုအပ်တဲ့ဂိုးတွေတော့ရရှိ နေဆဲဖြစ်တယ်လို့ နည်းပြချုပ်ဦးအောင်နိုင်က ဝန်ခံခဲ့ပြီး တိုက်စစ်အတွက်လုပ်ဆောင်စရာအချို့လည်းရှိနေသေး တယ်လို့ DuwunSports ရဲ့မေးခွန်းကို ဖြေဆိုခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၉ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၁၄ဂိုးသာရရှိထားတဲ့ ရှမ်းယူနိုက်တက်အသ င်းအနေနဲ့ အမှတ်ပေးဇယားထိပ်ပိုင်းအသင်းများတွင် သွင်းဂိုးအနည်းဆုံးအသင်းဖြစ်နေခဲ့ပြီး တိုက်စစ်ပိုင်းလိုအ ပ်ချက်မြင့်မားနေခဲ့တာလည်းဖြစ်ပါတယ်။



“ တိုက်စစ်ကနည်းနည်းတော့အခက်အခဲရှိတယ်။ လူတွေအများကြီးပြောင်းလဲထားတယ်။ အခြားအသ င်းတွေလို တိုက်စစ်အသားပေးကစားလို့မရဘူး။ ပြည်တွင်းပွဲတွေရော အပြင်ပွဲတွေရောရှိတယ်။ ပညာ နဲ့ ကစားတာ။ ပြင်ဆင်ထားတယ်။ ထင်ထားသလို တိုက်စစ်ကမကောင်းဘူး။ ဒါပေမဲ့ ဂိုးတွေ ကတော့ ရမယ် ”  လို့ ရှမ်းယူနိုက်တက်နည်းပြချုပ်ဦးအောင်နိုင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

လက်ရှိပွဲစဉ် ၉ အပြီး သွင်းဂိုး ၁၄ဂိုး၊ ပေးဂိုး ၉ဂိုးအထိရှိနေခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့ တဲ့နှစ်ဘောလုံးရာသီပွဲစဉ် ၉အပြီးမှာလည်း ပေးဂိုး ၉ဂိုးသာရှိခဲ့ပေမယ့် တိုက်စစ်ပိုင်းကတော့ သွင်းဂိုး ၂၀ အထိရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းရဲ့တိုက်စစ်မှာ ဒွေးကိုကိုချစ်၊ ထက်ဖြိုးဝေ၊ ဇင်မင်းထွန်း၊ စအောင်ပြည့်ကို၊ ရွှေ ကို၊ ကိပ်တို့ရှိနေခဲ့ပြီး နည်းပြချုပ်ဦးအောင်နိုင်အနေနဲ့ ပြည်တွင်းပြိုင်ပွဲတွေအပြင် အေအက်ဖ်စီဖလားပြို င်ပွဲကိုပါ ဝင်ပြိုင်နေရတဲ့အတွက် တိုက်စစ်ကစားသမားအများစုကို အလှည့်ကျစနစ်နဲ့အသုံးပြုနေခဲ့တာ လည်းဖြစ်ပါတယ်။


က္က