ပရိသတ်မပါဘဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
Win Kyaw Min

ပြိုင်ဘက်ဂျက်စတင်ဂေ့ဂျ်ရဲ့ ထိုးချက်တွေကြောင့် တိုနီဖာဂူဆန်အနေနဲ့ ပွဲအပြီး ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ ရတယ်လို့လည်း သိရပါတယ်။

UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က တိုနီဖာဂူဆန်နဲ့ ဂျက်စတင်ဂေ့ဂျ်တို့ရဲ့ ပွဲစဉ်က Stay Home ကာလအတွက် ဖျော်ဖြေမှု အပေးနိုင်ဆုံး MMA ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ကြောင်း၊ ချန်ပီယံအပြောင်းအလဲဖြစ်ပေါ်ခဲ့သလို တိုနီအတွက် ထိခိုက်မှုအ များဆုံးပွဲစဉ်ဖြစ်ခဲ့ကြောင်း ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့မှုကို nytimes.com ကဖော်ပြလာပါတယ်။

UFC ရဲ့ပွဲစဉ် ၂၄၉ အဖြစ် လိုက်ဝိတ်တန်းချန်ပီယံခါးပတ်အတွက် အမေရိကန် MMA ကစားသမားနှစ်ဦးဖြစ်တဲ့ တိုနီဖာဂူဆန်နဲ့ ဂျက်စတင်ဂေ့ဂျ်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပြီး ဂျက်စတင်ဂေ့ဂျ်က အနိုင်ရရှိခဲ့လို့ ချန်ပီယံအ သစ်ပေါ်ထွက်လာခဲ့ပါတယ်။



“ စိတ်ဝင်စားစရာပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲကောင်းဖြစ်ခဲ့သလို ချန်ပီယံအသစ်လည်း ပေါ်ထွက်လာခဲ့တယ်။ တိုနီအတွက်ကတော့ ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ ပွဲပါ။ ပြိုင်ဘက်ကိုရင်ဆိုင်ဖို့ လှုပ်ရှားမှုပိုင်းတွေနှေးကွေးလွန်း ခဲ့ပါတယ် ” လို့ UFC ဥက္ကဋ္ဌဒါနာဝှိုက်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ရှုံးပွဲကြုံတွေ့ခဲ့တဲ့ တိုနီဖာဂူဆန်အနေနဲ့ ပြိုင်ဘက်ဂျက်စတင်ဂေ့ဂျ်ကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့်အရေးပေါ် ဆေးကုသမှုအချို့ခံယူခဲ့ရသလို ဆေးရုံကိုလည်း ပို့ဆောင်ကုသမှုပိုင်းတွေ ခံယူခဲ့ရတယ်လို့လည်း UFC က အ တည်ပြုသတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

အစောပိုင်းကာလမှာ ရုရှား MMA သမား ခါဘစ်နဲ့ အမေရိကန် MMA သမား တိုနီဖာဂူဆန်တို့ ယှဉ်ပြိုင်ထိုးသတ် ကြဖို့ လျာထားခဲ့ပေမယ့် COVID-19 ကာလ ကန့်သတ်နေထိုင်ရခြင်းများကြောင့် ရုရှားနိုင်ငံပြင်ပထွက်ခွင့်မရခဲ့ တဲ့ ခါဘစ်ရဲ့အခြေအနေကြောင့် တိုနီဖာဂူဆန်- ဂျက်စတင်ဂေ့ဂျ်တို့ပွဲစဉ်ဖြစ်လာခဲ့တယ်လို့သတင်းဖော်ပြမှုတွေ အရ သိရပါတယ်။


က္က