မနက်ဖြန်ညနေ ၆နာရီမှာ မြန်မာနဲ့ထိုင်းတို့ ရင်ဆိုင်ကစားကြမှာပါ။

ထိုင်းယူ-၁၆အသင်းအနေနဲ့ အာရှယူ-၁၆ ခြေစစ်ပွဲစဉ်ရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရမှာ လ ည်းဖြစ်ပါတယ်။

PHOTO: MFF

အာရှယူ-၁၆ခြေစစ်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်တွင် ရင်ဆိုင်ရမယ့် မြန်မာအသင်းအနေနဲ့ ပြင်ဆ င်မှုအား ကောင်းပြီး တိုးတက်လာတဲ့အသင်းတစ်သင်းဖြစ်လို့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲသေချာပေါက်ဖြစ်လာ မှာ ဖြစ်တယ်လို့ ထိုင်းယူ-၁၆နည်းပြ ဂါဇီယာက ဒီကနေ့ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်ပွဲမှာ Duwun Sportရဲ့မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။



အာရှယူ-၁၆ခြေစစ်ပွဲစဉ်တွေရဲ့အုပ်စု(ဋ)ကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး ထိုင်း ယူ-၁၆၊ တောင်ကိုရီးယားယူ-၁၆၊ တရုတ်တိုင်ပေယူ-၁၆ အသင်းတို့ပါဝင်နေခဲ့ကာ အုပ်စုအဖွင့်ပွဲစ ဉ်ေ တွကို မနက်ဖန်မှစပြီးကျင်းပမှာလည်းဖြစ်ပါတယ်။

“ အသင်းကတော့ ပြင်ဆင်မှုတွေပြုလုပ်ထားတဲ့အတွက် ယုံကြည်မှုအပြည့်ရှိတယ်။ ဒါပေမဲ့မြန်မာအ သင်းကလည်း အိမ်ရှင်အသင်းဖြစ်တဲ့အတွက် ပြင်ဆင်မှုကောင်းကောင်းပြုလုပ်ထားမှာပါ။နည်းပြသ စ်ဆိုပေမယ့်တိုးတက်လာတဲ့အသင်းဖြစ်လို့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာတော့အသေအချာပါပဲ” လို့ ထိုင်း ယူ-၁၆ နည်းပြဂါဇီယာက ဆိုပါတယ်။

PHOTO: MFF

မြန်မာယူ-၁၆အသင်းအနေနဲ့ အာရှခြေစစ်ပွဲအတွက် လေးနိုင်ငံဖိတ်ခေါ်ဖလား၊ ဗီယက်နမ်ဖိတ် ခေါ် ဖ လားပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြင်ဆင်မှုအချို့ပြုလုပ်ထားတဲ့အတွက် ယုံကြည်မှုပိုင်းအပြည့် ရှိသလို အံအားသင့်ဖွယ်ရလဒ်ရရှိအောင်စွမ်းဆောင်ပေးမယ်လို့လည်း နည်းပြချုပ် ဦးမင်းသူက ဆိုထားပါတယ်။

“ အနိုင်ရဖို့အတွက် ကြိုတင်ပြီးပြင်ဆင်ထားတယ်။ ဒါပေမဲ့ ဘောလုံးပွဲဆိုတာက မိနစ် ၉၀ပြီးသွားမှအနိ ု င်အရှုံးသိရတာပါ။ ထိုင်းနဲ့ပွဲက တကယ်ကိုကြည့်ကောင်းတဲ့ပွဲဖြစ်လာမှာပါ။ သေချာတာကတော့ ပရိ သတ်အံအားသင့်မယ့် ရလဒ်မျိုးစွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ် ” လို့ နည်းပြချုပ်ဦးမင်းသူက DuwunSport ကိုဖြေကြားခဲ့ပါတယ်။



က္က