၃ ဝါထိထားလို့ပါ။

မောင်မောင်လွင်က ရန်ကုန်အသင်းအတွက် အားထားရတဲ့ တောင်ပံ ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ၅ ဂိုးထိသွင်းယူပေးထားသူပါ။

ရန်ကုန်ယူနိုုက်တက်အသင်းက မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အနေနဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၂ ကို ပါဝင်ကစားခွင့်မရဘူးလို့ မြန်မာနေရှင်နယ်လိဂ် ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါ တယ်။

မောင်မောင်လွင်အနေနဲ့ အဝါကဒ် ၃ ကဒ်အထိ ပြသခံထားခဲ့ရတာ ဖြစ်တဲ့အတွက် လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ ကစားမယ့် ရန်ကုန်အသင်းနဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ရဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ကို လွဲချော် မှာဖြစ်ပါတယ်။

မောင်မောင်လွင်ကတော့ ရန်ကုန်အသင်းအတွက်အားထားရတဲ့တောင်ပံ ကစားသမားတစ်ဦးဖြစ်ပြီးလက်ရှိအ ချိန်မှာလည်း အသင်းအတွက် ၅ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

ဒါ့အပြင် မနေ့က ကစားခဲ့တဲ့စင်ကာပူနဲ့ခြေစမ်းပွဲမှာလည်း မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

ရန်ကုန်အသင်းကတော့ ပထမအကျော့ ၁၁ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၀ မှတ်နဲ့အဆင့် ၃ နေရာရရှိထားပြီး ဖြစ်ပြီး ရခိုင်အသင်းကတော့ ရမတ် ၁၆ မှတ်နဲ့အဆင့် ၇ နေရာ ရပ်တည်နေပါတယ်။

ပထမအကျော့ ရခိုင်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း ဝေသာလီမှာကစားခဲ့တဲ့ပွဲမှာတော့ ရန်ကုန်အသင်းက မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိထားပါတယ်။



က္က