မြန်မာ ယူ-၂၀ အသင်းနဲ့အတူ မြန်မာ့ဘောလုံး ပရိသတ်တွေ သတိထားမိခဲ့ကြတဲ့ ကျော်မင်းဦးနဲ့ ငြိမ်းချမ်းအောင်တို့နှစ်ဦးမှာ ဒဏ်ရာပြဿနာ ကိုယ်စီကြောင့် လက်ရွေးစင်အသင်းကြီးအတွက်ရော ကိုယ်စီ ကလပ်အသင်းအတွက်ပါ ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးတာ ဒီကနေ့ အထိ ဖြစ် ပါတယ်။
Photo - MFF
အဆိုပါ အခြေအနေကြောင့် ၎င်းတို့နှစ်ဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်နဲ့ ရန်ကုန်ယူနိုက်တက် အသင်းပိုင်ရှင် ဦးပြည့်ဖြိုး တေဇ တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံမှာ ဆေးကုသမှုတွေ ပေးနေတယ်လို့ သိရပါတယ်။
Photo - MFF
အဆိုပါ ကစားသမားနှစ်ဦးမှာ ကျော်မင်းဦးက ဒူးခေါင်းခွဲစိတ်မှု ခံယူခဲ့ရပြီး အောင်မြင်ခဲ့တယ်လို့လည်း သိရပါတယ်။ငြိမ်းချမ်းအောင်ကတော့ လေ့ကျင့်ခန်း အစီအစဉ်တွေကိုသာ ပြင်းပြင်းထန်ထန်ပြုလုပ်ဖို့ လိုတယ်လို့ သိရပါတယ်။
Photo - MFF
ကျာ်မင်းဦးရဲ့ ဒူးဒဏ်ရာကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သောင်ဘူရီဆေးရုံမှာပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့ နံနက်ပိုင်းက ခွဲစိတ်ကုသမှုခံယူခဲ့တာ လည်း ဖြစ်ပြီး အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အသက် (၂၃)နှစ်အရွယ် အဆိုပါ ကစားသမားအနေနဲ့ ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူနေရသူ ဖြစ်ပြီး ခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့တာကြောင့် သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ရှေ့ဆက်လုပ်ဆောင်နိုင်ပါက အနည်းဆုံး (၆)လမှ (၈)လအတွင်း ကြံ့ခိုင်မှု ပြည့်ဝစွာ ပွဲစဉ်များ ပြန်ကစားနိုင်မယ်လို့လည်း ၎င်းကို ခွဲစိတ်ပေးတဲ့ဆရာဝန်ကြီးက ပြောခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ကျော်မင်းဦးအနေနဲ့ ကျန်းမာကြံ့ခိုင်စွာ ပြန်လည်ကစားနိုင်ဖို့အတွက် ဘန်ကောက်မြို့မှာ ကာလရှည် နေထိုင်လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ရအုံးမယ်လို့သိရပြီး ၎င်းရဲ့ ကြံ့ခိုင်မှုအဝဝအတွက် ထိုင်းလိဂ်ကလပ်အသင်း Police Teroမှ အတွေ့အကြုံရင့် Physiotherapist တစ်ဦးကို တာဝန်ယူလေ့ကျင့်စေမယ်လို့လည်းသိရပါတယ်။
နောက်ထပ် ကစားသမား တစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းအောင်ကတော့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့အတွက် လေ့ကျင်ရေးများ ပြင်းပြင်းထန်ထန် ပြုလုပ်နေရတယ်လို့ သိရပြီး အနည်းဆုံး (၁)ကနေ (၁)လခွဲကာလအတွင်း အသင်းနှင့်အတူတွဲ၍ ပုံမှန်လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နိုင်မယ် လို့သိရပါတယ်။