အုပ်စုပွဲတွေ ကစားခွင့်ရခဲ့ပါပြီ။
Kyaw Ko Ko Sint

ဘရူနိုင်းကလပ်ကို ပထမအကျော့ ၆-၁ ၊အခု ဒု-ကျော့မှာ ၃-၁ နဲ့ နှစ်ကျော့ပေါင်း ၉-၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ရန်ကုန်အသင်းကတော့ ဘရူနိုင်းကလပ် အင်ဒီရာ အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၉-၂ ဂိုးနဲ့ အနိုင်ရပြီး အေအက်ဖ်စီဖလားပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် အုပ်စုပွဲတွေကို ကစားခွင့်ရခဲ့ပါပြီ။

ဒီကနေ့မှာကစားခဲ့တဲ့ အင်ဒီရာနဲ့ပွဲမှာတော့ ရန်ကုန်အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရပြီး ရန်ကုန်အသင်းအတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူး ကောင်းထက်စိုး၊အီမန်နူရယ်နဲ့သန်းပိုင်တို့က တစ်ဂိုးစီ သွင်းပေးခဲ့ကြတာပါ။

ရန်ကုန်အသင်းအနေနဲ့ အေအက်ဖ်စီ အုပ်စု(ဆ)မှာ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး၊စင်ကာပူကလပ် ဟောင်ဂန်း နဲ့ လာအိုကလပ် လာအိုတိုယိုတာအက်ဖ်စီအသင်းတွေနဲ့အတူ ကျရောက်နေပါတယ်။

လက်ရှိအချိန်မှာတော့ရန်ကုန်အသင်းက ပြိုင်ပွဲစုံ ၆ ပွဲ ကစားပြီးချိန်မှာ ပွဲတိုင်း အနည်းဆုံး တစ်ဂိုးစီ ပေးထားရပြီး ပေးဂိုးလုံးဝမပေးရတဲ့ပွဲမရှိသေးပါဘူး။

ရန်ကုန်အသင်းအနေနဲ့ လာမယ့် အပတ်မှာတော့ စစ်ကိုင်းအသင်းနဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် ၄ ကို ဆက်လက် ကစားရဖို့ ရှိပါတယ်။


Author


က္က