၂၀၂၄ အထိ တာဝန်ထမ်း‌ဆောင်သွားမှာပါ။
Kyaw Ko Ko Sint

၂၀၂၀ မှ ၂၀၂၄ အထိ တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ဖူဆယ်ဘောလုံးလောက တိုးတက်ဖို့ အဓိကထား ဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နဲ့သဲသောင်ပြင် ကိုယ်စားလှယ်သစ် တင်မြှောက်ခြင်းအခမ်းအနားမှာလက်ရှိ ဖူဆယ်နှင့်သဲသောင်ပြင်ဥက္ကဌ ဦးကြည်မင်းသိန်းနှင့်အတူ GV Futsal Clubအသင်းပိုင်ရှင် ‌ဒေါက်တာ ရဲမွန်ထွဋ် ဝင် ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

ဒီကနေ့ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက် အစည်းအဝေးနှင့် မဲရွေးချယ်ပွဲအခမ်းအနားမှာ တော့ ဒေါက်တာ ရဲမွန်ထွဋ်က မဲအပြတ်အသတ်နဲ့ အသာစီးရယူပြီး ၂၀၂၀ - ၂၀၂၄ ခုနှစ်အတွက် ကော်မတီရဲ့ ကိုယ်စားလှယ်သစ် ဖြစ်လာခဲ့ပါတယ်။

“ကျွန်တော် ပထမဆုံး ဖူဆယ်ဘောလုံးလောက တိုးတက်ဖို့အတွက် လိဂ်အဆင့်အတန်းကို မြှင့်တင်ပါမယ်။မန္တ လေးမှာ လိဂ်ရှိလာဖို့ ကျွန်တော်လုပ်ဆောင်ပါမယ်။ဒါပြီးရင် နည်းပြသင်တန်းတွေကို ပြည်နယ်နဲ့တိုင်း အသီးသီး မှာ ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်ပါမယ်။”လို့ ကိုယ်စားလှယ်သစ် ဒေါက်တာ ရဲမွန်ထွဋ်က ပြောပါတယ်။

စုစုပေါင်း ၂၂၃မဲ ရှိခဲ့ပေမယ့် ပယ်မဲ ၂မဲဖြစ်ခဲ့တာကြောင့် လက်ကျန် ၂၂၁ မဲမှာ ဦးကြည်မင်းသိန်းက ၅၇ မဲသာရခဲ့ပြီး ဒေါက်တာ ရဲမွန်ထွဋ်ကတော့ ၁၆၄ မဲထိ ရရှိခဲ့တာပါ။

၂၀၂၀ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲအတွက် အလုပ်အမှုဆောင်ကော်မတီဝင် ၁၄ နေရာရှိခဲ့ရာမှာ ၄ နေရာသာ မဲစနစ်နဲ့ ပြန်အရွေးချယ်ခဲ့ရတာပါ။

ကျန်နေရာများကတော့ ဝင်ရောက် အရွေးချယ်ခံမယ့်သူများမရှိလို့ မူလ တာဝန်ထမ်းဆောင်သူများသာ ဆက်လက် တာဝန်ထမ်းဆောင်သွားမှာလို့လည်း သိရပါတယ်။

မဲစနစ်နဲ့ ရွေးချယ်ခံတဲ့ နေရာတွေကတော့ အထက်မြန်မာပြည်ကိုယ်စာလှယ်လောင်း၊အောက်မြန်မာပြည် ကိုယ်စားလှယ်လောင်း၊နည်းပြဆရာကိုယ်စားလှယ်လောင်းနဲ့ဖူဆယ်နှင့်သဲသောင်ပြင် ကိုယ်စားလှယ်လောင်း နေရာတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နေရာကိုတော့ ဦးဇော်ဇော်က ဆက်လက်တာဝန်ထမ်း‌ဆောင်သွားမှာဖြစ်ပြီး ဒုတိယ ဥက္ကဌတွေအဖြစ် ဦးပြည့်ဖြိုးတေဇနှင့် ဒေါက်တာစိုင်းဆမ်ထွန်းတို့က ဆက်လက်တာဝန်ယူသွားမှာပါ။


Author


က္က