လက်ရှိမှာ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့ပြီးနောက်မှာ ပြိုင်ပွဲကျင်းပဖို့ အစီအစဉ်အပြောင်းအလဲတွေရှိလာခဲ့ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာအတည်ပြုဆုံးဖြတ်ရခြင်းမျိုးမရှိသေးတာလည်း ဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုကြောင့် ဒီနှစ်အတွင်းကျင်းပဖို့ရှိနေတဲ့ ဆူဇူကီးဖလားပြိုင်ပွဲကို ရွှေ့့ဆိုင်းသွားဖို့ နိုင်ငံအများစုက သဘောတူညီခဲ့ပေမယ့် ဗီယက်နမ်ကတော့ သဘောမတူခဲ့ဘူးလို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ Siamsports ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး SPORTS 442 က ပြန်လည်ဖော်ပြခဲ့ရာမှာ လတ်တလောပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေရ အများစုက ရွှေ့ဆိုင်းဖို့ဆန္ဒရှိတယ်လို့ ဆိုပါတယ်။



ဆူဇူကီးဖလားပြိုင်ပွဲကို လာမယ့်နှစ်ကို ပြောင်းရွှေ့ကျင်းပဖို့အတွက် အဆိုပြုမှုတွေရှိခဲ့ပြီး ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ Tran Quoc Tuan ကတော့ အဆိုပြုမှုအပေါ် သဘောမတူခဲ့ဘူးလို့ သိရပါတယ်။ နောက်နှစ်အတွင်းကို ပြောင်းရွှေ့ကျင်းပမယ်ဆိုပါက ဗီယက်နမ်အနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ယူ-၁၇ ပြိုင်ပွဲ၊ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ဝင်ရောက်ကစားရဖို့ရှိတာကြောင့် ပြိုင်ပွဲအများအပြားကို ကစားရမှာက အဆင်မပြေဘူးလို့ အကြောင်းပြခဲ့ပါတယ်။

မူလကတော့ ဆူဇူကီးဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့ပြီးနောက်မှာ ပြိုင်ပွဲကျင်းပဖို့ အစီအစဉ်အပြောင်းအလဲတွေရှိလာခဲ့ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာအတည်ပြုဆုံးဖြတ်ရခြင်းမျိုးမရှိသေးတာလည်း ဖြစ်ပါတယ်။ 

ပြန်လည်ကျင်းပနေခဲ့တဲ့ ဗီယက်နမ်လိဂ်ပွဲစဉ်တွေဟာလည်း နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ရပ်နားခဲ့ရပြီဖြစ်ပါတယ်။ ဆူဇူကီးဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ဇူလိုင်လ ၃၀ ရက်နေ့ (မနက်ဖြန်)မှာ ဆုံးဖြတ်သွားမယ်လို့ သိရပြီး မူလအတိုင်းဆက်လက်ကျင်းပသွားမလား၊ ပြောင်းရွှေ့ကျင်းပမလားဆိုတာကို ဆွေးနွေးသွားကြမှာလည်းဖြစ်ပါတယ်။ 


ဆူဇူကီးဖလားရဲ့ လက်ရှိချန်ပီယံအဖြစ် ဗီယက်နမ်အသင်းရှိနေပြီး ပြီးခဲ့တဲ့ပြိုင်ပွဲမှာ မလေးရှားကို အနိုင်ရဗိုလ်စွဲထားခဲ့ပါတယ်။ 



က္က