အာဆီယံဘောလုံးအဖွဲ့ချုပ်က ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Pyae Phyo Thein

ကစားသမား၊ နည်းပြ၊ ပရိသတ်တွေနဲ့ ပြိုင်ပွဲပါတနာတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှုအပေါ် ဦးစားပေးဆုံးဖြတ်ခဲ့ပြီးတော့ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။


လာမယ့်နိုဝင်ဘာလအတွင်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်ကို ရွှေ့ဆိုင်းလိုက်ပြီလို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က တရားဝင်အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပြသနာကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပြီး ဗီယက်နမ်က သဘောမတူဘူးလို့ သတင်းတွေထွက်ခဲ့ပေမယ့် အပြီးသတ်မှာ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ကစားသမား၊ နည်းပြ၊ ပရိသတ်တွေနဲ့ ပြိုင်ပွဲပါတနာတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှုအပေါ် ဦးစားပေးဆုံးဖြတ်ခဲ့ပြီးတော့ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြိုင်ပွဲကျင်းပရေးကော်မတီဘက်က ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

"ဒီကပ်ရောဂါစတင်ကတည်းက အာဆီယံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် နဲ့ အာရှဘောလုံးအဖွဲ့ချုပ်တို့ရဲ့ လမ်းညွှန်ချက်တွေကို အနီးကပ်စောင့်ကြည့်လေ့လာခဲ့ပါတယ်၊ အားလုံးသိထားတဲ့အတိုင်းပါပဲ၊ ဒီကပ်ရောဂါက ကျွန်တော်တို့အားလုံးရဲ့ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးစိန်ခေါ်မှုတွေကို ဆက်ပြီးတော့ ခြိမ်းခြောက်နေပါတယ်"

"အာဆီယံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကျွန်တော်တို့ရဲ့ ဘောလုံးမိသားစုတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ဦးစားပေးပြီး ရောဂါသက်ရောက်မှုကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဒီကပ်ရောဂါကြောင့် ဒီနှစ်ကျငး်ပမယ့် ပြိုင်ပွဲကို စိတ်ချယုံကြည်မှုအပြည့်နဲ့ကျင်းပဖို့ မဖြစ်နိုင်ပါဘူး" လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ Khiev Sameth က ပြောဆိုခဲ့ပါတယ်။ 


၂၀၂၁ ခုနှစ်အတွင်းမှာ ကျင်းပမယ့် ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှုတွေပြုလုပ်သွားဦးမှာဖြစ်ပြီး ပြိုင်ပွဲကျင်းပမယ့် အချိန်ကာလနဲ့ အိမ်ရှင်နိုင်ငံ၊ အသေးစိတ်အချက်အလက်တွေကို ထပ်မံဖော်ပြသွားမယ်လို့လည်း သိရပါတယ်။ 


Author


က္က