warrix က ထုတ်လုပ်မယ့် ဘောလုံးဒီဇိုင်းကိုတော့ သြဂုတ်လမှသာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
Pyae Phyo Thein

ဆူဇူကီးဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံး ပုံစံကို ချပြလာခြင်းမရှိသေးပေမယ့် အဆိုပါ ဘောလုံးဟာ ကုမ္ပဏီ ရဲ့ ပထမဆုံး ထုတ်လုပ်မယ့် ဘောလုံးကုန်ပစ္စည်း ဖြစ်လာတယ်လို့လည်း သိရပါတယ်။


၂နှစ်တစ်ကြိမ် ကျင်းပလျက်ရှိတဲ့ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲရဲ့ ၂၀၂၀ခုနှစ်ပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံးကို ထိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Warrix က ကူညီပံ့ပိုးပေးသွားမယ်လို့သိရပါတယ်။ ဆူဇူကီးဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံး ပုံစံကို ချပြလာခြင်းမရှိသေးပေမယ့် အဆိုပါ ဘောလုံးဟာ ကုမ္ပဏီ ရဲ့ ပထမဆုံး ထုတ်လုပ်မယ့် ဘောလုံးကုန်ပစ္စည်း ဖြစ်လာတယ်လို့လည်း သိရပါတယ်။

Warrix အနေနဲ့ ဆူဇူကီးပြိုင်ပွဲနဲ့ ၂နှစ်စာချုပ်ချုပ်ဆိုထားတာကြောင့် ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်ပြိုင်ပွဲအထိ နှစ်နှစ်ဆက်တိုက် ဆူဇူကီးဖလားပြိုင်ပွဲမျာ warrix ဘောလုံးတွေကို အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

“warrix ကထုတ်လုပ်နေတာတွေက ဂျာစီတွေ၊အခြား ဘောလုံး အသုံးအဆောင်ပစ္စည်းများစွာရှိပေမယ့် ဘောလုံးကို တစ်ခါမှ မထုတ်လုပ်ဖူးပါဘူး။အခု ထုတ်လုပ်တဲ့ ဘောလုံးက ကုမ္ပဏီရဲ့ သမိုင်းမှာ ပထမဆုံး ထုတ်လုပ်ဖြစ်မယ့် ဘောလုံး အမျိုးအစားပါပဲ။”လို့ warrix ရဲ့ တာဝန်ရှိသူတစ်ဦးက Duwunကို ပြောပါတယ်။

warrixအနေနဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပတဲ့ ဆူဇူကီးဖလားပြိုင်ပွဲနဲ့ ပူးပေါင်းတာ ပထမဆုံး အကြိမ် ဖြစ်ပြီး ပြိုင်ပွဲဘောလုံးအပြင် ဒိုင်လူကြီးနဲ့Ball Boy များဝတ်ဆင်ဖို့ ဝတ်စုံတွေအပါအဝင် အသင်းခေါင်း လက်ပတ်ကိုလည်း ကူညီပေးသွားမယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။


အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲမှာတော့ ၂၀၁၈ ခုနှစစ်မှာ Grand Sportကထုတ်လုပ်ခဲ့တဲ့ ဘောလုံးကို ပြိုင်ပွဲ ဘောလုံးအဖြစ် အသုံးပြုခဲ့ပြီး ၂၀၁၄ နဲ့ ၁၆ မှာ Mitre၊၂၀၁၀နဲ့၁၂မှာ Nike၊ အစရှိသဖြင့် အသုံးပြုခဲ့ကြပါတယ်။ လာမယ့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကိုတော့ နိုဝင်ဘာနဲ့ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရန် အာဆီယံ ဘောလုံးအဖွဲ့ချုပ်က စီစဥ်ထားတယ်လို့သိရပါတယ်။


Author


က္က