MOLTEN ဘောလုံးအနေနဲ့ ယူရိုပါလိဂ်ကို ၂၀၁၈-၁၉ ဘောလုံးရာသီမှာစတင်ပေးခဲ့သလို ၂၀၁၉ အာရှဖလားပြိုင်ပွဲနဲ့ AFC CUP၊ AFC ချန်ပီ ယံလိဂ်ပြိုင်ပွဲတွေမှာလည်း အသုံးပြုနေပါတယ်။
ဂျပန်အားကစား ကုမ္ပဏီတစ်ခုဖြစ်တဲ့ MOLTEN က မြန်မာနေရှင်နယ်လိဂ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ပြိုင်ပွဲ ဘောလုံးတွေ ထောက်ပံ့ပေးလျက်ရှိပြီး လာမယ့်နှစ်အတွက်လည်း ဆက်လက်ထောက်ပံ့ပေးသွားဖို့ ရှိ တယ်လို့ ဒီကနေ့မှာ ပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Molten ကုမ္ပဏီရဲ့ ပြည်တွင်းအရောင်းအထွေထွေမန်နေဂျာ မစ္စတာ ရှီမာဒါက - “ MFF နဲ့ MNL က တိုးတက်မှု အရိပ်အယောင်တွေ မြင်နေရပါတယ်၊ကျွန်တော်တို့အနေနဲ့ အာရှမှာ ပိုမို ပျံ့နှံ့ဖို့ ဦးစားဖို့ ဆောင်ရွက်နေချိန်မှာ အခုလို MFFနဲ့MNLကို စပွန်ဆာပေးနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။” လို့ DuwunSportsကို ပြောသွားပါတယ်။
MOLTEN ကုမ္ပဏီထုတ် ဘောလုံးတွေအနေနဲ့ ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိတဲ့ အာရှ ဖလားနဲ့ ဥရောပ ယူရိုပါလိဂ်ဖလားပြိုင်ပွဲတွေကိုလည်း ပြိုင်ပွဲဘောလုံး စပွန်ဆာပေးထားပါတယ်။
၂၀၁၉ ခုနှစ် စတင်ပြီး အာရှဘောလုံးအဖွဲ့ချုပ်ကို ပြိုင်ပွဲဘောလုံးစပွန်ဆာ ပေးထားပြီး ကလပ်နဲ့ နိုင်ငံ အသင်းပြိုင်ပွဲတွေမှာ ထောက်ပံ့မှုတွေ ပြုလုပ်ထားပါတယ်။
မနှစ်က စတင်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဘောလုံး စပွန်ဆာပေးခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ကိုတော့ ၂၀၁၉ နဲ့ လာမယ့် ၂၀၂၀ မှာ ဆက်လက်ထောက်ပံံ့ပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းကတော့ လာမယ့် စက်တင်ဘာ ၅ ရက်နေ့မှာ မွန်ဂိုလီးယားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲ ကစားဖို့ ရှိလို့ စခန်းသွင်းလေ့ကျင့်နေတာကြောင့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ကို ခေတ္တရပ်နားထားပါတယ်။