ဟနွိုင်းအသင်းအတွက် ကစားပေးနေသူဖြစ်ပါတယ်။

ဟနွိုင်းအသင်းရဲ့လူငယ်နောက်ခံကစားသမား ဒန်ဗန်ဟောင်ဟာ လာမယ့်ရာသီအတွက် FK Austria Wien အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီးနောက် ဗီယက်နမ်ဘောလုံးလောကမှာ ဈေးအကြီးဆုံးကစားသမားဖြစ်လာတော့မယ်လို့ Foxsportsasia ရဲ့သတင်းအရ သိရပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဒန်ဗန်ဟောင် လက်ရှိကစားနေတဲ့ ဟနွိုင်းအသင်းက ဗီယက်နမ်မီဒီယာတွေကို လာမယ့်ရာသီမှာ ဒန်ဗန်ဟောင်ဟာ သြစတြီးယားထိပ်တန်းအသင်းဖြစ်တဲ့ သြစတြီးယားဝင်းကို စာချုပ်ဖျက်သိမ်းကြေးပါဝင်တဲ့ ၁ နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။



ဒန်ဗန်ဟောင်အနေနဲ့ လာမယ့်ရာသီ သြစတြီးယားဝင်းအသင်းအတွက် အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်မယ်ဆိုရင် သြစတြီးယားဝင်းအသင်းက ဒန်ဗန်ဟောင်အတွက် ဟနွိုင်းအသင်းကို ယူရို ၈ သိန်းနီးပါးနဲ့ ကမ်းလှမ်းပြီး အပြီးသတ်ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Vietnam Net ရဲ့သတင်းအရ ဟနွိုင်းအသင်းဟာ ဒန်ဗန်ဟောင်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၉ သိန်းနီးပါးသတ်မှတ်ထားတယ်လို့ သိရပြီး ယင်းအပြောင်းအရွှေ့သာ အမှန်တကယ်ဖြစ်မြောက်ခဲ့မယ်ဆိုရင် ဒန်ဗန်ဟောင်ဟာ ယခုနှစ်အစမှာ မြောင်သောင်အသင်းကို ယူရို ၄.၃ သိန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂိုးသမား ဒန်ဗန်လန်ကို ကျော်ဖြတ်ပြီး ဗီယက်နမ်ရဲ့ ဈေးအကြီးဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

သြစတြီးယားဝင်းအသင်းဟာ သြစတြီးယားဘွန်ဒက်စ်လီဂါရဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပြီး လိဂ်ဖလား ၂၄ လုံးနဲ့ ပြည်တွင်းဖလား ၂၇ လုံးအထိ ကိုင်မြှောက်ထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ ဒါ့အပြင် သြစတြီးယားဝင်းဟာ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတာဖြစ်ပြီး ဒန်ဗန်ဟောင်ဟာ ဗီယက်နမ်ဂန္တဝင်တိုက်စစ်မှူး လေကွန်ဗင်းနောက်ပိုင်း ဥရောပပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ကစားရတဲ့ ကစားသမားဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က