၂ မှတ်ကွာ အနေအထားအတိုင်းသာရှိနေပါသေးတယ်။

ဒီနေ့ညနေပိုင်းက သုဝဏ္ဏကွင်းမှာ ကစားခဲ့တဲ့ ချင်းယူနိုက်တက်နဲ့ ဧရာဝတီတို့ရဲ့ပွဲမှာတော့ ဧရာဝတီယူနိုက်တက်က အမှားအယွင်းမရှိနိုင်ပွဲရယူနိုင်ခဲ့ပြီး ဟံသာဝတီကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဟံသာဝတီက ရတနာပုံနဲ့ ပွဲကျပ်ကစားရမှာဖြစ်လို့ ၂မှတ်ကွာဟနေတဲ့အနေအထားမှာ ဧရာဝတီအတွက်က အခွင့်အရေးရှိနေခဲ့ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာ ဟံသာဝတီက ရတနာပုံကို ၄-၁ နဲ့ အနိုင်ရရှိခဲ့လို့ ဧရာဝတီရဲ့နိုင်ပွဲက အမှတ်ကွာဟချက်မလျော့သွားအောင်ထိန်းသိမ်းနိုင်ခဲ့မှုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဧရာဝတီအတွက်အနိုင်ဂိုးကိုတော့ ပထမပိုင်းပွဲချိန်အစောပိုင်းမှာပဲ ဝင်းနိုင်ထွန်းရဲ့ ဖန်တီးပေးမှုကနေ သန်းထက်အောင်က ပိတ်သွင်းယူပေးခဲ့ပါတယ်။ 

ပွဲချိန်တော်တော်များများမှာ ဧရာဝတီက ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့ပေမယ့် ချင်းယူနိုက်တက်ရဲ့ ပြန်လည်ထိုးဖောက်မှုတွေကလည်း ခြိမ်းခြောက်မှုပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးရလောက်တဲ့အထိ ခြိမ်းခြောက်နိုင်မှုကတော့ နည်းပါးလွန်းခဲ့ပြီး အခွင့်အရေးတချို့ကိုလည်း ဧရာဝတီဂိုးသမားကျော်ဇင်ဖြိုးက ကာကွယ်နိုင်ခဲ့ပါတယ်။ 

ဧရာဝတီအနေနဲ့ ကစားပုံအားနည်းမှုတွေရှိခဲ့ပေမယ့် လိုအပ်တဲ့နိုင်ပွဲကိုတော့ ရယူနိုုင်ခဲ့ပါတယ်။ ဒါကြောင့် ငါးပွဲဆက်တိုက်အနိုင်ယူပြီး ဦးမျိုးလှိုင်ဝင်းပွဲပယ်ခံနေရတဲ့ကာလအတွင်းမှာ အမှားအယွင်းမရှိအောင်ကစားနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ချင်းယူနိုက်တက်ကတော့ ဒီရာသီမှာတန်းတက်လာခဲ့ပြီးနောက် တန်းပြန်မဆင်းရဖို့ကိုပဲ အဓိကအာရုံစိုက်ရတော့မှာဖြစ်ပါတယ်။ 

ဧရာဝတီကတော့ ဟံသာဝတီနဲ့ ၂မှတ်ကွာဟမှုအတိုင်းသာရှိခဲ့ပြီး ဖိအားဆက်ပေးနိုင်ခဲ့ပါတယ်။ ဧရာဝတီနဲ့ ရမှတ်တူညီနေတဲ့ ရန်ကုန်ယူနိုက်တက်ကတော့ မနက်ဖြန်မှာ ဆောက်သမ်းကိုအဝေးကွင်းပွဲကစားရမှာဖြစ်ပြီး လက်ရှိမှာတော့ ဧရာဝတီက အဆင့်၂နေရာကို တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 



က္က