မနက်ဖြန် အောက်တိုဘာ ၂၅ မှာ ကစားရပါမယ်။

အင်ဒိုနီးရှားနဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံး ၄ ကြိမ်မှာ မြန်မာက ၃ ကြိမ်နိုင် ၁ ကြိမ်သာ ရှုံးထားလို့ ထိပ်တိုက်တွေ့ဆုံမှု အရ မြန်မာအသင်းက အသာရနေပါတယ်။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၉ အာဆီယံဖူဆယ်ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မနက်ဖြန် အောာက်တိုဘာ ၂၅ မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းက အင်ဒိုနီးရှား အသင်းနဲ့ တွေ့ဆုံနေပါတယ်။



အင်ဒိုနီးရှားအသင်းကတော့ အုပ်စုတွင်းမှာ မလေးရှားကို ၃-၂၊အိမ်ရှင်ဗီယက်နမ်နဲ့ဂိုးမရှိသရေကျကာ သြစတြေးလျကို ၈-၃ ဂိုးနဲ့ အနိုင်ယူပြီး ရမတ် ၇မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်တက်လာတာပါ။

မြန်မာအသင်းကတော့ အရှေကတီမောကို ၆-၁၊ကမ္ဘောဒီးယားကို ၁၃-၃ ဂိုးနဲ့ နိုင်ပြီး ထိုင်းကိ ၉ ဂိုးပြတ်ရှုံးလို့ အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ်တက်လာခဲ့တာပါ။

မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို ၂၀၁၇ ခုနှစ်က နောက်ဆုံး တက်လှမ်းခဲ့ပြီး တတိယနေရာလုပွဲမှာ ဗီယက်နမ်ကို ပင်နယ်တီနဲ့ အနိုင်ယူထားပါတယ်။

အင်ဒိုနီးရှားကတော့ မနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပရာမှာ တတိယနေရာလုပွဲအဖြစ်ဗီယက်နမ်နဲ့ပင် ကစားခဲ့ရပြီး ၃-၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။

တစ်ဖက် ဆီမီးဖိုင်နယ်မှာတော့ ဗီယက်နမ်အသင်းက လက်ရှိ ၇ ထိပ်ကွမ်းချန်ပီယံ ထိုင်းအသင်းနဲ့ တွေ့ဆုံနေပါတယ်။

တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲကိုတော့ အောက်တိုဘာ ၂၇ မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ဖူဆယ်ပြိုင်ပွဲကိုတော့ ဒီနှစ် ဖိလစ်ပိုင်ဆီးဂိမ်းမှာ ထည့်သွင်းကျင်းပလာခြင်း မရှိပါဘူး။

မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ရဲ့နောက်ဆုံး ၄ ကြိမ်ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင် မြန်မာအသင်း က ၂၀၁၇ အာဆီယံချန်ပီယံရှစ်မှာတွေ့ဆုံစဉ် ၆-၃ဂိုးနဲ့လည်းကောင်း၊၂၀၁၇ မလေးရှားဆီးဂိမ်းမှာ ၃-၂ဂိုးနဲ့လည်းကောင်း၊၂၀၁၇ မှာပဲ ၁၀လပိုင်းထဲမှာထပ်မံ ကျင်းပတဲ့ အာဆီယံဖူဆယ်ပွဲမှာ မြန်မာက အင်ဒိုနီးရှားကို ၃-၂ နဲ့ ထပ်မံ အနိုင်ရထားတာပါ။

ဒါပမေယ့်လည်း မနှစ်က ၂၀၁၈ အာဆီယံဖူဆယ်ချန်ပီယံရှစ်မှာတော့တွေ့ဆုံချိန်မှာတော့အင်ဒိုနီးရှားက ၅-၁ ဂိုးနဲ့ အနိုင်ယူထားပါတယ်။



က္က