ရော်နယ်ဒိုကတော့ စံပြကစားသမားလို့ ဆိုပါတယ်။
Pyae Phyo Thein

စင်ကာပူလူငယ်တိုက်စစ်မှူးာ ဂရိမှာသွားရောက်ကစားဖို့ အခွင့်အရေးရရှိခဲ့ပေမယ့်လည်း စင်ကာပူမှာသာ ဆက်လက်ကစားနေသူလည်းဖြစ်ပါတယ်။


စင်ကာပူကလပ် ဂေးလန်းအသင်းမှာကစားနေတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တိုက်စစ်မှူးဇီကိုစ်ချူအာက သူဟာ ဇလာတန်အီဘရာဟီမိုဗစ်ချ်၊ ရောဘတ်လီဝန်ဒေါစကီးတို့လို တိုက်စစ်မှူးတွေပုံစံမျိုးကို ကစားနိုင်တယ်လို့ အင်တာဗျူးတစ်ခုမှာဖွင့်ဟသွားခဲ့ပါတယ်။ ချူအာက သူ ဘောလုံးကစားရတဲ့အကြောင်းရင်းဟာလည်း ရော်နယ်ဒိုကြောင့် ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

စင်ကာပူလူငယ်တိုက်စစ်မှူးာ ဂရိမှာသွားရောက်ကစားဖို့ အခွင့်အရေးရရှိခဲ့ပေမယ့်လည်း စင်ကာပူမှာသာ ဆက်လက်ကစားနေသူလည်းဖြစ်ပါတယ်။ Goal.com နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ချူအာက ပြောဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့လူငယ်ကစားသမားဘဝမှာ ရော်နယ်ဒိုရဲ့ အခန်းကဏ္ဍက ကြီးကြီးမားမားပါဝင်ပတ်သက်နေခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ကျွန်တော်မှတ်မိနိုင်တဲ့ အရွယ်မှကတည်းက ကျွန်တော့်စိတ်ထဲမှာ ဘောလုံးတစ်ခုတည်းပဲ ရှိနေခဲ့တယ်၊ ကျွန်တော်စိတ်အဝင်စားဆုံးအရာလည်းဖြစ်ပါတယ်၊ ဂရိမှာ ကျောင်းတက်တုန်းက သူငယ်ချင်းတွေနဲ့ ကျောင်းပြင်ပမှာ ကစားခဲ့ပြီး ကျောင်းပေါက်ဝက တံခါးတွေကို ဂိုးပေါက်အနေနဲ့ ကျွန်တော်တို့ အသုံးချခဲ့တာကို မှတ်မိသေးတယ်၊ အဲဒါက ကျွန်တော် ဘောလုံးကစားတာကို အမှတ်ရဆုံး ပထမဆုံးအတွေ့အကြုံပါပဲ"

"ကလေးဘဝ ကျွန်တော့်ရဲ့ စံပြကစားသမားက အမြဲတမ်း စီရော်နယ်ဒိုပါပဲ၊ ဒါကြောင့်လည်း ကျွန်တော်ဘောလုံးပွဲတွေ စကြည့်ခဲ့ပြီး သူ့အကြောင်းတွေက အရာအားလုံးဖြစ်ခဲ့ပါတယ်၊ သူ့ရဲ့ ဟန်ပန်၊ ယုံကြည်မှု၊ ကိုယ်နေဟန်ထားတွေက ပရိုကစားသမားတစ်ဦးဖြစ်မယ့် ရှေ့ပြေးပုံစံပါပဲ၊ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ထက်စာရင် ဇလာတန်၊ လီဝန်ဒေါစကီးတို့ရဲ့ ကစားပုံနဲ့ ပိုပြီးတော့ တူညီနေပါတယ်" လို့ ချူအာကပြောခဲ့ပါတယ်။

ချူအာဟာ လက်ရှိမှာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာသူဖြစ်ပြီး ကမ္ဘာကျော်ကစားသမားတွေရဲ့ ကစားပုံကနေ လေ့လာသင်ယူနေတယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်ထိတော့ စင်ကာပူလူငယ်အသင်းတွေအတွက် ဆက်တိုက်ကစားပေးနေရပြီး လက်ရွေးစင်အသင်းကြီးအတွက် ဘယ်အချိန်မှာ ရွေးချယ်ခံရမလဲဆိုတာကို စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ 


Author


က္က