၂-၁ နဲ့ အနိုင်််််််ရခဲ့တာပါ။

နောက်ဆုံး လိဂ် ၉ ပွဲဆက်မှာ ရန်ကုန်အသင်းက ၈ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပြီး ရှုံးပွဲလုံးဝ မရှိထားပါ ဘူး။

၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် ၂ ရဲ့ ပွဲစဥ်တစ်ပွဲဖြစ်တဲ့ ရန်ကုန်နဲ့ဇွဲကပင်အသင်းတို့ရဲ့ ပွဲမှာတော့ ရန်ကုန် အသင်းက အီမန်နူရယ်၊မောင်မောင်လွင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃ -၁ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



ပွဲချိန် ၁၉ မိနစ်မှာ ဇွဲကပင်အသင်း အဖွင့်ဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ ရန်ကုန် ကစားသမားဟောင်း အီမာဆင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းခဲ့တာပါ။

ဆက်လက်ပြီး ဇွဲကပင်အသင်း ပထမပိုင်းမှာပဲ ပင်နယ်တီ ပြစ်ဒဏ်ဘောရခဲ့ပြီး ဒီပင်နယ်တီကို တိုက်စစ်မှူး ယာဆင်း ကန်သွင်းရာမှာ သတ်မှတ်စည်းမျဥ်းအတိုင်း မဖြစ်ခဲ့လို့ ဂိုးဝင်သည့်တိုင် ဂိုးမရခဲ့ပဲ ရန်ကုန်အသင်းကို ပြစ်ဒဏ်ဘော ပြန်ပေးခဲ့ရပါတယ်။

ဖီဖာက အသစ်ပြဌာန်းထားတဲ့ စည်းမျဥ်းအရ ပင်နယ်တီ ကန်သွင်းရာမှာ ခြေယောင်ပြခွင့်မရှိတော့တာကို ယာဆင်းက ရန်ကုန်ဂိုးသမားကျော်ဇင်ထက်ကို ခြေယောင်ပြ ကန်သွင်းခဲ့တာပါ။

ပထမပိုင်း ၃၉ မိနစ်မှာတော့ ရန်ကုန်အသင်း ချေပဂိုးရခဲ့ပြီး တိုက်စစ်မှူး အီမန်နူရယ်က ပြေးပြေးလွှာလွှား ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ရန်ကုန်အသင်း တိုက်စစ်မြှင့်လာခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ မောင်မောင်လွင်က ဘယ်ခြမ်းကနေ ကန်သွင်းရယူခဲ့လို့ ရန်ကုန်အသင်း ၂-၁ ဂိုးနဲ့ ပြန်ဦးဆောင်ခွင့်ရခဲ့ပါတယ်။

တဆက်တည်းမှာပဲ အောင်ကျော်နိုင်ကို ဇွဲကပင် နောက်ခံလူ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ ရန်ကုန် ပင်နယ်တီ ရခဲ့ပြီး မောင်မောင်လွင်ကန်သွင်းရာမှာတော့ တိုင်ထိထွက်ခဲ့လို့ နောက်ထပ် ဦးဆောင်ဂိုး မရခဲ့ပါဘူး။

ရန်ကုန်အသင်းကတော့ ဇွဲကပင်အသင်းနဲ့ ရင်ဆိုင်ထားတိုင်း ရာနှုန်းပြည့်နီးပါး အနိုင်ရလဒ်ရရှိလေ့ရှိတဲ့ စံချိန် ကောင်းကို ဒီနေ့ပွဲမှာလည်း နောက်က လိုက်ကစားပြီး ဆက်လက် တင်ရှိနိုင်ခဲ့ပါတယ်။

မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၄ မိနစ်မှာတော့ တိုက်စစ်မှူး အီမန်နူရယ်က အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူခဲ့လို့ ပွဲအပြီးမှာ ရန်ကုန်အသင်း ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ရန်ကုန်နဲ့ ဇွဲကပင်အသင်းတို့ တွေ့ဆုံထားတဲ့ မှတ်တမ်းအရ နောက်ဆုံး ၄ ရာသီ လိဂ် ၈ ပွဲဆက်မှာ ရန်ကုန်အသင်းက ၇ ပွဲနိုင် ၁ ပွဲသရေကျထားကာ အခုပွဲအပါအဝင် နောက်ဆုံး ၉ ပွဲမှာ ၈ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပါပြီ။

ရန်ကုန်အသင်းအနေနဲ့ ယခုနှစ် အဖွင့်ပွဲမှာ ချင်းကိုလည်း ၂-၁ ဂိုးနဲ့ အနိုင်ရထားလို့ ၂ ပွဲဆက် အနိုင်ရလဒ်ကို ရရှိ ထားနိုင်ပြီ ဖြစ်ပြီး လိဂ် တတိယ ပွဲအဖြစ် လာမယ့် ၂၆ ရက်နေ့မှာ ရတနာပုံအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဇွဲကပင်အသင်းကတော့ အဖွင့်ပွဲမှာ ရတနာပုံကို ၂-၀နဲ့ အရေးနိမ့်ထားတာကြောင့် ၂ပွဲဆက် အရှုံးနဲ့ ရင်ဆိုင် ထားရပြီ ဖြစ်ကာ တတိယပွဲအဖြစ် ဧရာဝတီအသင်းနဲ့ ဆက်လက်ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က