ပြိုင်ပွဲဝင်တွေရဲ့ဝင်ကြေးလက်မှတ်ခထဲက ကျပ်နှစ်ထောင်စီတိုင်းကို ရန်ကင်းကလေးဆေးရုံကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

Yangon 100Plus Active Run 2018 မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၂ရက် နံနက် ၅နာရီကနေ ၉နာရီအထိ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကို အပျော်တမ်း အပြေးသမား ၅၀၀၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုတွေ ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

IMG_9938.00_00_00_26.Still007.jpg

"အကောင်းဆုံးတွေ ဖြစ်လာဖို့ အားလပ်ချိန်တွ သိပ်မပေးဖြစ်ဘူး"(အောင်လအန်ဆန်) 

အပြေးအားကစားဝါသနာရှင်တွေအတွက် အားဖြည့်အချိုရည် 100Plus ကကြီးမှူးပြီး Yangon 100Plus Active Run 2018 ပြိုင်ပွဲကို ဒီဇင်ဘာ ၂ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ မာရသွန်ပြိုင်ပွဲမှာ ၁၀ကီလိုမီတာစိန်ခေါ်ပြိုင်ပွဲနဲ့ ၃.၅ ကီလိုမီတာ အပျော်တမ်းအပြေးလမ်းလျှောက်ပြိုင်ပွဲဆိုပြီး ပြိုင်ပွဲအမျိုးအစား နှစ်မျိုးပါဝင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို အပြေးအားကစားဝါသနာရှင်တွေနဲ့ အားကစားသမားတွေ၊ အနုပညာရှင်တွေအစရှိတဲ့ အလွှာပေါင်းစုံက လူတန်းစားအားလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

 

ပြိုင်ပွဲမှာ ၁၀ကီလိုမီတာစိန်ခေါ်ပွဲအတွက် အမျိုးသား၊အမျိုးသမီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုတွေ သတ်မှတ်ချီးမြှင့်ခဲ့ပြီး အောင်မြင်စွာ ပန်းဝင်သူတိုင်းကိုလည်း ဂုဏ်ပြုဆုတံဆိပ်တစ်ခုစီချီးမြှင့်ခဲ့ပါတယ်။ ပထမဆုအတွက် ဂုဏ်ပြုလည်ဆွဲပြား၊ဆုကြေးငွေကျပ် ဆယ်သိန်း၊ 100Plus တစ်နှစ်တာအခမဲ့သောက်သုံးခွင့်၊ ဒုတိယဆုအတွက် ဂုဏ်ပြုလည်ဆွဲပြား၊ဆုကြေးငွေကျပ် ရှစ်သိန်း၊  100Plus ခြောက်လအခမဲ့သောက်သုံးခွင့်၊ တတိယဆုအတွက် ဂုဏ်ပြုလည်ဆွဲပြား၊ဆုကြေးငွေကျပ် ငါးသိန်း၊ 100Plus သုံးလအခမဲ့သောက်သုံးခွင့်၊ သတ်မှတ်ခဲ့ပါတယ်။

 

ပြိုင်ပွဲကု ကုန်ကျစရိတ်သိန်းထောင်နဲ့ချီအသုံးပြုကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်တွေရဲ့ဝင်ကြေးလက်မှတ်ခထဲက ကျပ်နှစ်ထောင်စီတိုင်းကို ရန်ကင်းကလေးဆေးရုံကို လှူဒါန်းသွားမယ်လို့ 100Plus က သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ပြိုင်ပွဲကုန်ကျစရိတ်က ဆုကြေးငွေအပါအဝင် သိန်းတစ်ထောင်ကျော်ရှိပါတယ်။ ပြိုင်ပွဲကိုလည်း နှစ်စဉ်ကျင်းပနိုင်ပြီး မြန်မာနိုင်ငံမှာထင်ရှားတဲ့ အားကစားပြိုင်ပွဲကြီးဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။”လို့ 100Plus Brand and Sponsorship မန်နေဂျာ မဇင်ထားလဲ့က Duwun Sports ကို ပြောပါတယ်။ Yangon 100Plus Active Run 2018 ပြိုင်ပွဲဟာ ဒုတိယအကြိမ်မြောက်ပြိုင်ပွဲဖြစ်ပြီး ပထမအကြိမ်ပြိုင်ပွဲကိုတော့ ၂၀၁၇၊ နိုဝင်ဘာလ ၁၉ရက်နေ့ကကျင်းပခဲ့တာပါ။

Share

Loading Next Article...
က္က