အောင်လအန်ဆန်ရဲ့ ဖခင်ဖြစ်သူကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

အောင်လအန်ဆန်ရဲ့ ဖခင်ဖြစ်သူ ဦးအန်ဆန်တူးအောင်ကို Duwun Sports က ဆက်သွယ်မေးမြန်းခဲ့တာလည်းဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ONE Championship ရဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမား အောင်လအန်ဆန်ရဲ့ ကျန်းမာရေးအခြေအနေဟာ တည်ငြိမ်ကောင်းမွန်နေတယ်လို့ သိရပြီး မိသားစုဝင်တွေရဲ့ ကျန်းမာရေးကလည်း ကောင်းမွန်နေတယ်လို့ သိရပါတယ်။ အောင်လအန်ဆန်ရဲ့ ဖခင်ဖြစ်သူ ဦးအန်ဆန်တူးအောင်ကို Duwun Sports က ဆက်သွယ်မေးမြန်းခဲ့တာလည်းဖြစ်ပါတယ်။ 

အောင်လအန်ဆန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သူ့ရဲ့လူမှုကွန်ရက်ကကတဆင့် ပရိသတ်တွေကို မနေ့က အသိပေးခဲ့တာဖြစ်ပါတယ်။ ရောဂါစတင်ဖြစ်ပွားချိန်မှာတော့ အောင်လအန်ဆန်ဟာ မောပန်းမှုကိုခံစားခဲ့ရပြီး ကိုယ်လက်ကိုက်ခဲမှုတွေလည်းရှိခဲ့တယ်လို့ ပြောဆိုခဲ့ပြီး လက်ရှိမှာတော့ နေအိမ်မှာပဲ ကွာရန်တင်း ၁၄ ရက်ကြာ နေထိုင်နေပြီဖြစ်ပါတယ်။

ဦးအန်ဆန်တူးအောင်ကို Duwun Sports က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ "သူ့အခြေအနေက တော်တေ်ာလေးကောင်းမွန်နေပါပြီ၊ ဒီက သူ့ရဲ့ပရိသတ်တွေကတော့ အရမ်းစိုးရိမ်နေတာပေါ့နော်၊ ဒါပေမယ့် သူတို့ဆီမှာကတော့ ဒီလောက်ကြီးစိုးရိမ်တာမျိုးမဖြစ်ပါဘူး၊ ဆိုးဆိုးဝါးဝါးဖြစ်တာက သက်ကြီးရွယ်အိုတွေနဲ့ ကြံ့ခိုင်မှုအားနည်းတဲ့သူတွေဖြစ်တာပေါ့"

"သူ့ မိသားစုဝင်တွေလည်း ကျန်းမာရေးကောင်းမွန်နေပါတယ်၊ ဆေးစစ်ချက်အဖြေကတော့ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါလောက်မှ သိရမှာပါ၊ အခုတော့ အားလုံးပဲ တည်ငြိမ်ကောင်းမွန်နေပါတယ်၊ ပရိသတ်တွေကိုလည်း အရမ်းကြီးမစိုးရိမ်ကြဖို့အတွက် ပြောပေးစေချင်ပါတယ်၊ ဒီလိုစိုးရိမ်ပေးနေတဲ့အတွက်လည်း ကျွန်တော်တို့က အရမ်းကျေးဇူးတင်ပါတယ်" လို့ ပြောခဲ့ပါတယ်။ 

အောင်လအန်ဆန်ကတော့ ဇနီးဖြစ်သူ Katherine Oliphant ၊ သားသမီး ၂ဦးတို့နဲ့အတူ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ဘာတီမိုးလ်မြို့မှာ နေထိုင်နေတာဖြစ်ပါတယ်။ 



က္က