၂၀၂၀ ဖော်မြူလာ-၂ ပြိုင်ပွဲကို လာမယ့်မတ်လ ၂၁ရက်နေ့မှာ စပြီးကျင်းပမှာပါ။
Win Kyaw Min

ပြိုင်ကားမောင်းအားကစားနည်းပွဲတွေမှာ ဖော်မြူလာ-၂ ပြိုင်ပွဲက ထိခိုက်ဒဏ်ရာရရှိမှုအများဆုံးဖြစ်နေ ခဲ့တာပါ။

ဖော်မြူလာ-၁ တာဝန်ရှိသူတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်ရာသီက မတော်တဆမှုများစွာဖြစ်ပွားခဲ့ခြင်းနဲ့အတူ အသက်ဆုံးရှုံးမှုများရှိခဲ့တဲ့ ဖော်မြူလာ-၂ ပြိုင်ပွဲအပေါ် ပြန်လည်ဆန်းစစ်သွားဖို့ရှိနေတယ်လို့အတည်ပြု သတင်းထုတ်ပြန်မှုကို mirror.com က ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့နှစ်က အကြီးမားဆုံးမတော်တဆမှုဖြစ်ခဲ့တဲ့ ဘယ်လ်ဂျီယံဖော်မြူလာ-၂ ပြိုင်ပွဲကျင်းပရာကွင်း ကို ပြန်လည်ဆန်းစစ်မှုများပြုလုပ်ဖို့ရှိနေတာဖြစ်ပြီး ပြိုင်ပွဲတွေဆက်လက်ကျင်းပနိုင်ခြင်းရှိမရှိအခြေအ တွက် စစ်ဆေးမှုအချို့လည်းပြုလုပ်ဖို့ရှိနေပါတယ်။



2019 Spa-Francorchamps Formula 2 ပြိုင်ပွဲရဲ့ မတော်တဆမှုကြောင့် BWT Arden အသင်းကား မောင်းသမားဟူဘတ်ကွယ်လွန်ခဲ့သလို ရေးနော့ဒ်အသင်းကားမောင်းသမားရီကာဒိုတို့ ပြင်းပြင်းထန် ထန်ဒဏ်ရာရရှိသွားခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုအချို့ပြုလုပ်ခဲ့ရပါသေးတယ်။

၂၀၂ဝပြည့်နှစ်ရဲ့ ပထမဦးဆုံးဖော်မြူလာ-၂ ဂရင်းပရီပြိုင်ပွဲကို လာမယ့် မတ်လ ၂၁ရက်နေ့မှာ ဘာရိန်း နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး ပြန်လည်ဆန်းစစ်မှုများကို ဇွန်လမတိုင်မီအတည်ပြုသ တင်းထုတ်ပြန်ဖို့ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

လက်ရှိသတင်းဖော်ပြမှုတွေအရ BWT Arden အသင်းကား မောင်းသမားဟူဘတ်ကွယ်လွန်ခဲ့တဲ့မေ တာ်တဆမှုအပေါ် ဖော်မြူလာ-၁ တာဝန်ရှိသူတွေက ၅ လကြာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး နည်း ပညာ၊ လူသားဆန်တဲ့အမှားတစ်စုံတစ်ရာမရှိခဲ့ဘဲ ပြိုင်ပွဲဝင်ကားမောင်းသမားရဲ့ တဒင်္ဂဆုံးဖြတ်ချက် ကြောင့် အကြီးမားဆုံးမတော်တဆမှုကြီးဖြစ်ခဲ့တာလို့ အတည်ပြုခဲ့ပြီလည်းဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က