ခါဘစ်အနေနဲ့ မက်ဂရီဂေါ်ကို အလဲထိုးအနိုင်ယူထားတဲ့ လက်ရှိလိုက်ဝိတ်တန်းချန်ပီယံပါ။
Win Kyaw Min

အမေရိကန်MMA သမားတိုနီဖာဂူဆန်ကိုအနိုင်ရရှိခဲ့ပြီးနောက် UFC လိုက်ဝိတ်တန်းချန်ပီယံဖြစ်လာခဲ့တဲ့ ဂျက်စ တင်ဂေ့ချ်အနေနဲ့ ခါဘစ်ကို ဦးဆုံးရင်ဆိုင်ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

UFC လိုက်ဝိတ်တန်းချန်ပီယံသစ်ဖြစ်လာသူ အမေရိကန်MMA သမားဂျက်စတင်ဂေ့ဂျ်က ချန်ပီယံခါးပတ်ကာကွ ယ်ပွဲတွေအတွက် အဓိကပြင်ဆင်ထားဖို့ရှိနေသလို ပြိုင်ဘက်ကောင်းတွေဖြစ်တဲ့ ခါဘစ်၊ မက်ဂရီဂေါ်တို့ကိုလည်း ရင်ဆိုင်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို thesun က ဖော်ပြလာပါတယ်။

ဂျက်စတင်ဂေ့ချ်အနေနဲ့ အိုင်ယာလန်MMA သမားမက်ဂရီဂေါ်ကို နှစ်ကုန်ပိုင်းမှာ ရင်ဆိုင်ထိုးသတ်ဖို့ အစီအစဉ်ရှိ ထားပေမယ့် UFC လိုက်ဝိတ်ချန်ပီယံခါးပတ်ရရှိခဲ့ခြင်းကြောင့် ရုရှားMMA သမားခါဘစ်ကို ဦးဆုံးရင်ဆိုင်ထိုးသ တ်ရဖို့ရှိနေပါတယ်။



“ ချန်ပီယံဖြစ်လာတဲ့အတွက် ကျေနပ်မိတယ်။ လိုက်ဝိတ်တန်းအတွက် အမေရိကန်နဲ့ထိုက်တန်လား၊ ရုရှားနဲ့ထို က်တန်လားဆိုတာ သက်သေပြခွင့်ရတော့မယ်။ ခါဘစ်က ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးပါ။ ဒါပေမဲ့ချ န်ပီယံဆုအတွက် မဖြစ်မနေရင်ဆိုင်ရပါလိမ့်မယ်။ ခါဘစ်ပြီးရင်တော့ မက်ဂရီဂေါ်နဲ့စိန်ခေါ်ပွဲက သေချာပေါက်ဖြ စ်လာဖို့လည်း ရှိပါတယ် ” လို့ ဂျက်စတင်ဂေ့ချ်က ဆိုခဲ့တာပါ။

UFC လိုက်ဝိတ်တန်းချန်ပီယံခါးပတ်အတွက် အမေရိကန် MMA ကစားသမား တိုနီဖာဂူဆန်နဲ့ ရုရှား MMA က စားသမား ခါဘစ်တို့ ယှဉ်ပြိုင်ကြဖို့လျာထားပေမယ့် COVID-19 ကြောင့် နိုင်ငံပြည်ပထွက်ခွင့်မရတဲ့အခြေအနေ ကြောင့် ဂျက်စတင်ဂေ့ချ်က အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခုလိုချန်ပီယံဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၀ နှစ်ကုန်ပိုင်းတွင်ဖြစ်လာမယ့် UFC လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲအတွက် ဂျက်စတင်ဂေ့ချ်နဲ့ ခါဘစ် တို့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး အခုနှစ်အတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး လိုက်ဝိတ်တန်းပွဲစဉ်တစ်ပွဲဖြစ်လာမယ် လို့လည်း UFC ဥက္ကဋ္ဌဒါနာဝှိုက်က အတည်ပြုပြောဆိုလိုထားပြီးလည်းဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က