ဘန်းစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။
Pyae Phyo Thein

ဘန်းစ်ထိုးသတ်ဖို့အတွက် အဆင်မပြေဖြစ်ခဲ့တဲ့နောက်မှာ UFC က မက်စ်ဗီဒယ်ကို အစားထိုးဝင်ရောက်ထိုးသတ်စေဖို့ အလျင်အမြန်ညှိနှိုင်းခဲ့ပြီး သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။


UFC 251 ရဲ့ အဓိကတွဲဆိုင်းအဖြစ် သတ်မှတ်ထားတဲ့ လက်ရှိချန်ပီယံအူစ်မန် နဲ့ ဂေလ်ဘတ်ဘန်းစ်တို့ ထိုးသတ်ရမယ့်ဝယ်လ်တာဝိတ်တန်းချန်ပီယံခါးပတ်လုပွဲစဉ်မှာ ဘန်းစ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ပြီးနောက် မက်စ်ဗီဒယ်က အစားထိုးဝင်ရောက်ထိုးသတ်ဖို့ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ ဘန်းစ်ဟာ ONE Chapionship အကျော်အမော်အောင်လအန်ဆန်နဲ့ ပူးတွဲလေ့ကျင့်နေခဲ့သူတစ်ဦးလို့လည်း သိရပါတယ်။ 

ဘန်းစ်ထိုးသတ်ဖို့အတွက် အဆင်မပြေဖြစ်ခဲ့တဲ့နောက်မှာ UFC က မက်စ်ဗီဒယ်ကို အစားထိုးဝင်ရောက်ထိုးသတ်စေဖို့ အလျင်အမြန်ညှိနှိုင်းခဲ့ပြီး သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ မက်စ်ဗီဒယ်ကတော့ သူ့ရဲ့ထိုးကြေးနဲ့ပတ်သက်ပြီး UFC ကို ဝေဖန်ပြစ်တင်ခဲ့ဖူးသူဖြစ်ပြီး သူ့တန်ကြေးအစစ်အမှန်ကို ပေးမှသာ ထိုးသတ်မယ်လို့ ပြောဆိုခဲ့ဖူးသူဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုးသတ်ဖို့အတွက် ညှိနှိုင်းမှုအားလုံးအဆင်ပြေခဲ့ပြီလို့ သိရပါတယ်။ ဒီအတွက် မက်စ်ဗီဒယ်ဟာ ဗိုင်းရပ်စ်ရှိ၊မရှိစစ်ဆေးမှုခံယူရမှာဖြစ်ပြီး ဟိုတယ်တစ်ခုမှာ ကွာရန်တင်းဝင်ဖို့အတွက် စီစဉ်ပြီးပြီလို့လည်း သိရပါတယ်။ လာ့စ်ဗီးဂက်စ်က ဟိုတယ်တစ်ခုကို မနေ့ကပဲ မက်စ်ဗီဒယ်က ရောက်ရှိခဲ့တယ်လို့သိရပြီး ဆေးစစ်မှုအဆင်ပြေတယ်ဆိုပါက အဘူဒါဘီကို အားချင်းထွက်ခွာမယ်လို့ သိရပါတယ်။ 

အသက် ၃၅ နှစ်အရွယ် အမေရိကန်ဖိုက်တာဟာ အူစ်မန်နဲ့ ထိုးသတ်ဖို့ အရင်ကတည်းက မျှော်လင့်ထားခဲ့သူဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လွဲချော်ခဲ့ရပါတယ်။ အခုအခါမှာတော့ ဘန်းစ်ရဲ့ အခြေအနေကြောင့် သူထိုးသတ်ချင်တဲ့ပွဲကို ထိုးသတ်နိုင်တော့မှာဖြစ်ပြီး အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်လို့ ပရိသတ်တွေလည်း တော်တော်လေးစိတ်ဝင်စားနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 


Author


က္က