၂၀၂၀ နှစ်ကုန်ပိုင်းမှာ ရံပုံငွေပွဲကို အကောင်အထည်ဖော်ပေးနိုင်ဖို့ရှိနေပါတယ်။
Win Kyaw Min

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုရရှိခဲ့ဖူးသူတစ်ဦးအနေနဲ့ လာမယ့်အချိန်ကာလအတွင်း ပရဟိတအတွက် ရံပုံငွေသရု ပ်ပြပွဲစဉ်တွေ ကစားဖို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်လက်ဝှေ့ကျော်ဖြစ်သူ အီဗာဒါဟိုလီဖီးလ်က ပြိုင်ဘက်ဟောင်းမိုက်တိုင်ဆန်ကို ပြန်လည်ရင်ဆိုင်ခွင့် ရရှိခဲ့ပါက တန်ပြန်ဂလဲ့စားအနေနဲ့ မိမိခံစားခဲ့ရသလို နားရွက်ကိုပြန်ပြီး ကိုက်ဖြတ်လိုကြောင်း BBC Radio 5 နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၁၉၉၆ ဝန်းကျင်ကာလများဆီက WBA ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်အတွက် ပြိုင်ဘက်ကောင်းများဖြစ်ခဲ့ပြီး ဟိုလီဖီးလ်က မိုက်တိုင်ဆန်ကို ရင်ဆိုင်ခဲ့တဲ့ ၂ပွဲလုံးအနိုင်ရရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက်ပွဲမှာ မိုက်တိုင်ဆန်က ဟိုလီဖီးလ်ရဲ့ နားရွက်ကို ကိုက်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။



“ မိုက်ရဲ့စွမ်းဆောင်နိုင်မှုတွေက တကယ်ကိုမှတ်တမ်းတင်ရမှာပါ။ ဒါပေမဲ့ နာမည်ဆိုးလဲရှိခဲ့ပါတယ်။သေချာတာ တစ်ခုကတော့ အခြေအနေတစ်ခုမှာ တကယ်ကိုပြိုင်ဘက်ကောင်းဖြစ်ခဲ့ပါတယ်။ တတိယအကြိမ်ပြန်တွေ့မယ် ဆိုရင်တော့ ဆုံးရှုံးခဲ့တဲ့ နားရွက်အတွက် ပြန်ပြီးဂလဲ့စားချေချင်တယ် ” လို့ ဟိုလီဖီးလ်က ဆိုခဲ့တာပါ။

အမေရိကန်နိုင်ငံအတွင်းရှိ အိမ်ခြေရာမဲ့များ၊ မူးယစ်သားကောင်များ၊ မူးယစ်ဆေးဝါးကြောင့် ချို့တဲ့ပျက်စီးနေသူ များအတွက် အဓိကရည်ရွယ်ထောက်ပံ့မယ့် ပရဟိတရံပုံငွေအတွက် မိုက်တိုင်ဆန်က ဦးဆောင်ပြီး စတင်လုပ် ဆောင်ဖို့စီစဉ်နေခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းက စတင်ခဲ့တဲ့ မိုက်တိုင်ဆန်ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကြောင့် လက်ဝှေ့ပရိသတ်တွေ အကြား လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြီး ရံပုံငွေပွဲအတွက် ပါဝင်ကြဖို့ လင်းနော့စ်လူးဝစ္စအပါအဝင် ဟဲဗီးဝိတ်ချန်ပီယံေ ဟာင်းအများစုကလည်း ဆန္ဒရှိနေခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။


Author


က္က