၂ ချီမပြည့်ခင်မှာပဲ အနိုင်ယူနိုင်ခဲ့တာပါ။

ဟဲဗီးဝိတ်တန်းမှာ ပြိုင်ဘက်ကင်းချန်ပီယံအဖြစ် ရပ်တည်နေခဲ့တဲ့ ဗီရာဟာ ပွဲချိန်အစောပိုင်းမှာ အင်ပြည့်အားပြည့်ထိုးသတ်ခဲ့ပေမယ့် သူ့ရဲ့သက်လုံပိုင်းကျဆင်းခဲ့မှုကြောင့် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန်ကတော့ လိုက်ဟဲဗီးဝိတ်တန်းခါးပတ်ကာကွယ်ပွဲမှာ စိန်ခေါ်သူဘရန်ဒန်ဗီရာကို ဒုတိယအချီမပြီးခင်မှာပဲ အလဲထိုးအနိုင်ယူသွားခဲ့ပါတယ်။ ဟဲဗီးဝိတ်တန်းမှာ ပြိုင်ဘက်ကင်းချန်ပီယံအဖြစ် ရပ်တည်နေခဲ့တဲ့ ဗီရာဟာ ပွဲချိန်အစောပိုင်းမှာ အင်ပြည့်အားပြည့်ထိုးသတ်ခဲ့ပေမယ့် သူ့ရဲ့သက်လုံပိုင်းကျဆင်းခဲ့မှုကြောင့် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပထမအချီမှာ အောင်လအန်ဆန်ထက် ဗီရာက အနည်းငယ်သာလွန်တဲ့ပုံစံကို ပြသနိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ဗီရာရဲ့ တံတောင်ရိုက်ချက်တွေ၊ လက်သီးထိုးချက်တွေကို ခံခဲ့ရပေမယ့်လည်း သွေးအေးအေးနဲ့ပဲ ပြန်လည်ထိုးသတ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့အမှားတစ်ခုကနေ ဗီရာက ပွဲကိုအပြတ်ဖြတ်ပစ်နိုင်တဲ့ အခွင့်အရေးရရှိခဲ့ပေမယ့် အောင်လအန်ဆန်က အချိန်မီတည့်မတ်နိုင်ခဲ့ပါတယ်။

ဒုတိယအချီမှာတော့ အောင်လအန်ဆန်က ဗီရာရဲ့ သက်လုံပိုင်းကျဆင်းလာမှုအားနည်းချက်ကို အခွင့်ကောင်းယူပြီး ဖိအားပေးထိုးသတ်သွားနိုင်ခဲ့ပါတယ်။ ဗီရာက အောင်လအန်ဆန်ကို နဖူးကွဲသွားအောင် ထိုးနိုင်ခဲ့ပေမယ့် အောင်လအန်ဆန်ရဲ့ ထိုးချက်ကို ကျကျနနခံစားလိုက်ရပြီးနောက်မှာ ဘယ်လိုမှခုခံနိုင်စွမ်းမရှိတော့ပဲ အရေးနိမ့်သွားခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ အောင်လအန်ဆန်က "အားလုံးကို ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့က အံ့အားသင့်စရာပါပဲ၊ ကျေးဇူးတင်ပါတယ်၊ ဒီပွဲမှာ နည်းဗျူဟာပိုင်းကောင်းခဲ့တယ်ဆိုတာက ဖိအားကင်းကင်းနဲ့ ထိုးနိုင်ခဲ့တာပါ၊ ဗီရာကို တံတောင်နဲ့ ပွဲသိမ်းဖို့ ပြင်ဆင်ခဲ့ပေမယ့် မလွယ်ကူခဲ့ပါဘူး၊ ကျွန်တော့်မျက်နှာကွဲသွားတာကို ကြည့်ရင် သူ့ရဲ့ထိုးချက်တွေက ပိုကောင်းခဲ့တာကို တွေ့ရမှာပါ" လို့ ပြောသွားခဲ့ပါတယ်။

အောင်လအန်ဆန်ကတော့ ၁၁ ပွဲဆက်တိုက်နိုင်ပွဲနဲ့အတူ မြန်မာပြည်ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပြီဖြစ်ပါတယ်။ "နောက်ဆုံးပြောချင်တဲ့စကားကတော့ မြန်မာပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်" လို့ အောင်လအန်ဆန်က ထပ်ပြောခဲ့ပါတယ်။ အောင်လအန်ဆန်ကတော့ ဒီပွဲစဉ်မှာ နိုင်နိုင်၊ ရှုံးရှုံး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဘွဲ့ကို စွန့်လွှတ်မယ်လို့ ကြိုတင်ကြေညာထားပြီးဖြစ်ပါတယ်။



က္က