ကျို့ခ်ရှင်းကရာတေးပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ်အိမ်ရှင်အဖြစ်ကျင်းပတာပါ

အိမ်ရှင်အဖြစ်ပထမဦးဆုံးကျင်းပမယ့် Asian Pacific ကျို့ခ်ရှင်းကရာတေးပြိုင်ပွဲအတွက် နိုင်ငံပေါင်း ၁၆နိုင်ငံ ပါ ဝင်ယှဉ်ပြိုင်ဖို့ ရှိနေခဲ့တာပါ။


မြန်မာနိုင်ငံကိုယ်စားပြုကျို့ခ်ရှင်းကရာတေးအားကစားအဖွဲ့ဖြစ်တဲ့ IKOမာဆုရှိမားမြန်မာအဖွဲ့က ကြီးမှူးကျင်းပ မယ့် IKO FULL CONTACT Asian Pacific ကျို့ခ်ရှင်းကရာတေးပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံ တကာ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံကူးဗီဇာအခက်အခဲအချို့ရှိခဲ့တဲ့အတွက် ၁၁နိုင်ငံသာပါဝင်ယှဉ်မှာပါလို့ IKO မာဆု ရှိမားမြန်မာအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌဦးသုဇော်က DuwunSports ကိုဖြေကြားခဲ့ပါတယ်။

လာမယ့် ဇွန် ၂၃ရက်တွင် ကျင်းပမယ့် Asian Pacific ကျို့ခ်ရှင်းကရာတေးပြိုင်ပွဲကို သြစတြေးလျ၊ ရုရှား၊ ကိုရီး ယား၊ အမေရိကန်၊ နယူးဇီလန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့မှ ပါဝင်ယှဉ် ပြို င်ကြမည်ဖြစ်ပြီး နီပေါနိုင်ငံကမူ အခက်အခဲအချို့ကြောင့် ပါဝင်လာခြင်းမရှိဘူးလို့လည်း သိရပါတယ်။

“ တစ်တန်းမှာ ၄ခုရှိပါမယ်။ ပြိုင်ပွဲအနေနဲ့သတ်မှတ်ထားတာကတော့ သက်ကြီးရယ်၊ သက်လတ်ရယ်၊ သက်င ယ်ရယ်ဆိုပြီး ခွဲထားပါတယ်။ သက်ကြီးတန်းမှာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွေပါမယ်။ အမျိုးသားပြိုင်ပွဲမှာ ၇၀ Kg၊ ၇၀-၈၀ ရယ်၊ ၈၀ Kg ကျော်တွေပါမယ်။ အမျိုးသမီးပြိုင်ပွဲမှာတော့ ၅၅ Kgအောက်ရယ်၊ ၅၅-၆၂ Kg၊ ၆၂  k g အထက်တွေပါလာမှာပါ "“ လို့  IKO မာဆုရှိမားမြန်မာအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌဦးသုဇော်က ဖြေကြားခဲ့ပါတယ်။


အဆိုပါကျို့ခ်ရှင်းကရာတေးအားကစားနည်းမှာကိုယ်ခံပညာအတိုက်အားကစားနည်းတစ်ခုဖြစ်ပြီး အိုလံပစ်အား ကစားနည်းစည်းကမ်းတွေနဲ့ သွေဖယ်မှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။ ပြိုင်ပွဲဟာ အလဲထိုးစနစ်တွေပါဝင် လာမှာဖြစ်တဲ့အတွက် Knock Out ပြိုင်ပွဲတွေဖြစ်လာမှာဖြစ်ပြီး Martial Art ပုံစံနဲ့ ပိုပြီးဆင်တူတဲ့ ကစားနည်းတ စ်ခုပါ။

ပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၁နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံက ကစားသမား ၇၀ကျော်အ ပါအဝင် နိုင်ငံတကာမှ ကစားသမားစုစုပေါင်း ၁၅၀ကျော်ယှဉ်ပြိုင်ကစားကြမှာဖြစ်တယ်လို့လည်း သတင်းစာရှင်း လင်းပွဲက အတည်ပြုခဲ့ပါတယ်။



က္က