ဂိမ်းကိုစွဲစွဲမြဲမြဲဆော့သူတိုင်း ဂိမ်းတစ်ဂိမ်းကို စိတ်ကြိုက်ဖန်တီးပြီး ဆော့ကစားဖို့စိတ်ကူးယဉ်ဖူးကြမှာပါ။

Google Game Builder ကို Steam မှာ အလကား Download ပြုလုပ်ပြီးဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ ဂိမ်းရဲ့ဖိုင်ဆိုဒ်က150MB သာရှိပြီး Window 7, 4GB RAM ရှိရုံနဲ့ဆော့ကစားနိုင်မှာဖြစ်တာကြောင့် လက်တည့်စမ်းလိုသူတွေအနေနဲ့ အမြန်ဆုံးသာစမ်းကြည့်လိုက်ကြပါလို့ အကြံပြုချင်ပါတယ်။


ဂိမ်းကိုစွဲစွဲမြဲမြဲဆော့ကစားသူတွေတိုင်း ဂိမ်းတစ်ဂိမ်းကိုကိုယ့်စိတ်ကြိုက်ဖန်တီးပြီး ဆော့ကစားဖို့စိတ်ကူးယဉ်ဖူးကြမှာပါ။ ဒါပေမယ့် ဂိမ်းတစ်ခုကိုဖန်တီးတာဟာ လွယ်ကူရိုးရှင်းတဲ့ကိစ္စမဟုတ်တာကြောင့် ဂိမ်းသမားတော်တော်များများဟာ စိတ်ကူးယဉ်တဲ့အဆင့်ကနေ မတက်နိုင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ Google Game Builder ဆိုတဲ့ Software နဲ့အတူ ဒီစိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်တော့မှာပဲဖြစ်ပါတယ်။

  ဒီ Game Builder Software ကို Google ရဲ့ Workshop တစ်ခုဖြစ်တဲ့ Area 120 ကထုတ်လုပ်တာဖြစ်ပါတယ်။ ဒီ Software နဲ့သာဆိုရင် ဗီဒီယိုဂိမ်းတွေကို ဒီဇိုင်းဆွဲတတ်ဖို့မလို၊ Coding ရေးစရာမလိုဘဲ ဖန်တီးနိုင်မှာပါ။ ဖန်တီးရာမှာလည်း သူပေးထားတဲ့ပါဝင်ပစ္စည်းတွေကို ကြိုက်ရာရွေးချယ်ယူပြီး ကိုယ်လိုသလို အလွယ်တကူဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ မြင်သာအောင်ပြောရမယ်ဆိုရင်တော့ Minecraft ဂိမ်းဆော့ရတဲ့အတိုင်းပါပဲ၊ လွယ်ကူတယ်ဆိုပေမယ့် ကိုယ့်ဘက်တီထွင်ဖန်တီးနိုင်စွမ်း အားကောင်းလေ ပိုပြီးကောင်းလေပဲဖြစ်ပါတယ်။

  Google Game Builder ကို လူတိုင်းအခက်အခဲမရှိ လွယ်လွယ်ကူကူအသုံးပြုနိုင်ရုံမကဘဲ ကိုယ့်သူငယ်ချင်းတွေနဲ့ရော Online ပေါ်မှာရှိတဲ့သူစိမ်းတွေနဲ့ ပူပေါင်းပြီးဖန်တီးနိုင်မှာပါ။ဒါ့အပြင် ကိုယ်ဖန်တီးထားတဲ့ဂိမ်းကို ကိုယ်တိုင်ဆော့ကစားနိုင်သလို တခြားသူတွေကိုလည်း ပေးဆော့လို့ရမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ Super Mario Maker ဆိုတဲ့ဂိမ်းနဲ့ တော်တော်လေးကိုဆင်တူတယ်လို့ ပြောလို့ရပါတယ်။ Super Mario Maker မှာတော့ ကစားသမားကိုယ်တိုင် Level တွေကို ကြိုက်သလိုဖန်တီးလို့ရမှာဖြစ်ပြီး ကိုယ်တိုင်ဆော့ကစားနိုင်သလို အခြားသူတွေကိုလည်း ပေးဆော့နိုင်ပါတယ်။

  Google Game Builder ကို Steam မှာ အလကား Download ပြုလုပ်ပြီးဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ ဂိမ်းရဲ့ဖိုင်ဆိုဒ်က150MB သာရှိပြီး Window 7, 4GB RAM ရှိရုံနဲ့ဆော့ကစားနိုင်မှာဖြစ်တာကြောင့် လက်တည့်စမ်းလိုသူတွေအနေနဲ့ အမြန်ဆုံးသာစမ်းကြည့်လိုက်ကြပါလို့ အကြံပြုချင်ပါတယ်။


Written by မျိုးသန့်ကျော်


ဆက်စပ်အကြောင်းအရာများ



က္က