၂၀၂၁ကို ‌ရွှေ့ပြောင်းထားပါတယ်။

ဝင်ဘယ်လ်တန် အိုးပင်းတင်းနစ်ပြိုင်ပွဲက ကမ္ဘာ့သက်တမ်းအရင့်ဆုံး တင်းနစ်ပြိုင်ပွဲ ဖြစ်ပါတယ်။

လန်ဒန်မှာ ကျင်းပမယ့် ၂၀၂၀ ဝင်ဘယ်လ်တန် အိုးပင်း တင်းနစ်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရပြီလို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအပြီးမှာ ကလပ်အသင်းများ ကော်မတီက အတည်ပြု သတင်းထုတ်ပြန်လိုက်တယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြလာပါတယ်။





အခုလို ဖျက်သိမ်းလိုက်ရတာကတော့ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ် ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ ဝင်ဘယ်လ်တန်ပြိုင်ပွဲကို ဇွန် ၂၉ကနေ ဇူလိုင် ၁၂ရက်နေ့အထိ ကျင်းပမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပေမယ့် အခုအခါ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖျက်သိမ်းလိုက်ရပြီလည်း ဖြစ်တာပါ။

ပြန်လည်အစားထိုး ကျင်းပမယ့်ရက်ကိုတော့ ၂၀၂၁ခုနှစ် ဇွန် ၂၈ ကနေ ဇူလိုင် ၁၁နေ့ကို သတ်မှတ်ထားတယ် လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လတုန်းကတော့မေလနဲ့စက်တင်ဘာလအတွင်း ကျင်းပဖို့ စီစဥ်ထားတဲ့ အခြား ပြင်သစ်အိုးပင်း ဂရင်းဆ လန်းပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းဖို့ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က