ဘရန်ဒန်ဗီရာကို အနိုင်ရလိုက်တဲ့ပွဲအတွက် ဖြစ်ပါတယ်။

ဟဲဗီးဝိတ်ချန်ပီယံကို အနိုင်ယူနိုင်လိုက်လို့ အောင်လကို မြန်မာတစ်မျိုးသားလုံးက ဂုဏ်ပြုနေကြတာ ဖြစ်ပြီး အောင်လအန်ဆန်ကတော့ လက်ရှိမှာ မစ်ဒယ်ဝိတ်နဲ့လိုက်ဟဲဗီးဝတ်ခါးပတ်နှစ်ခုပိုင်ရှင်အဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ One Championship Light Heavyweight ခါးပတ်ကာကွယ်ပွဲမှာ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်က စိန်ခေါ်သူ ဘရန်ဒန်ဗီရာကို ၂ ချီနဲ့ အလဲထိုး အနိုင်ယူနိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်အနေနဲ့ လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ပထမဆုံးအကြိမ်ကာကွယ်ခဲ့တာ ဖြစ်ပြီး ဘရန်ဒန်ဗီရာနဲ့ပွဲ ကို မြန်မာပရိသတ်တွေ တခဲနက် အားပေး ကြည့်ရှုခဲ့ပါတယ်။

အောင်လအန်ဆန်ရဲ့ ပွဲကို ကြည့်ရှုအားပေးရင်း နှလုံးခုန်နှုန်းမြန်ပြီး သေဆုံးခဲ့သူ လေးဦးလောက်ထိ ရှိခဲ့တယ် လို့လည်း သတင်းတွေ ဖော်ပြလာခဲ့တာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။

လက်ရှိမှာ အောင်လအန်ဆန်က မစ်ဒယ်ဝိတ်နဲ့လိုက်ဟဲဗီးဝိတ်ခါးပတ်နှစ်ခုစလုံးကို ပိုင်ပိုင်နိုင်နိုင်ထိန်းသိမ်းထား နိုင်ပြီး မြန်မာကို ကမ္ဘာ့အလယ်မှာ တင့်တယ်စွာ မြှင့်တင်ပေးထားနိုင်သူဖြစ်တာကြောင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင် လူမှုစာမျက်နှာထက်မှာ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့တကွ ဂုဏ်ပြုကြောင်း ရေးသားဖော်ပြလာခဲ့တာကိုတွေ့ရပါတယ်။

အောင်လအန်အနေနဲ့ မစ်ဒယ်ဝိတ်ခါးပတ်ကို ရရှိပြီးနောက် ၃ ကြိမ်တိုင်တိုင် ပြန်လည်ကာကွယ်ခဲ့ရပြီး ၃ ကြိမ်စလုံးကာကွယ်ထားနိုင်ကာ ယခု လိုက်ဟဲဗီးဝိတ်ခါးပတ်ကိုလည်း ပထမဆုံးအကြိမ် စတင်ကာကွယ်ချိန်မှာပဲ ဆက်လက်ကာကွယ်ထားနိုင်ပြန်တာပါ။

ယခင်ကလည်း အောင်လရဲ့ အောင်မြင်မှုတွေကြောင့်နိုင်ငံတော် အကြီးအကဲတွေက ဂုဏ်ပြုမှတ်တမ်းတင်မှု တွေပြုလုပ်ပေးခဲ့သလို ယခုတစ်ကြိမ်မှာလည်း ထပ်မံပြီးတော့ အောင်ပွဲအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနဲ့အတူ ဂုဏ်ပြုကြောင်း ဖော်ပြလာခဲ့တာဖြစ်ပါတယ်။



က္က