အီဂျစ်နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာပါ။

သီတင်းကျွတ်လပြည့်နေ့မှာ အောင်လအန်ဆန်ရဲ့နိုင်ပွဲကြောင့် မြန်မာ့အားကစား ပရိသတ်ထု ပျော်ရွှင်ခဲ့ကြရပြီး အခု သက်ထားသူဇာရဲ့ အောင်ပွဲက နောက်ထပ် ပျော်ရွှင်စရာ သတင်းတစ်ပုဒ်အဖြစ် ရှိလာခဲ့တာပါ။

မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားမယ် သက်ထားသူဇာကတော့ အီဂျစ်နိုင်ငံမှာ ဝင်ရောက်ယှဉ်ပြိုင် နေတဲ့ နိုင်ငံတကာကြက်တောင်ချန်ပီယံရှစ်၂၀၁၉ ပြိုင်ပွဲမှာ ပထမရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့တယ်လို့ သူ့ရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ဖော်ပြလာတာတွေ့ရပါတယ်။

သက်ထားသူဇာအနေနဲ့ ဗိုလ်လုပွဲမှာ ဝေးလ်က ဂျော်ဒန်ဟဒ်ကို နှစ်ပွဲပြတ်အနိုင်ယူပြီး ပထမဆုကို ရယူနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

မြန်မာ့အားကစားပရိသတ်တွေအနေနဲ့ ကြက်တောင်အားကစားကို ပြန်လည်စိတ်ဝင်စားလာခဲ့တာ သက်ထားသူ ဇာရဲ့ အောင်ပွဲတွေကြောင့်လို့ ပြောရင်မမှားပါဘူး။

သက်ထားသူဇာအနေနဲ့ အီဂျစ်မှာအခုလို ချန်ပီယံရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာ ယခုအကြိမ်ပါဆိုရင် နှစ်ကြိမ်ရှိပါပြီ။



ပြီးခဲ့တဲ့ မြန်မာအင်တာနေရှင်နယ်စီးရီးပြိုင်ပွဲမှာတော့ တတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ သက်ထားသူဇာကတော့ အခုလို စီးရီးပြိုင်ပွဲတွေ လိုက်ပြိုင်နေတာဟာ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပထမဆုံး ဝင်ကစားခွင့်ရရေးအတွက် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က MMA ဖိုက်တာ အောင်လအန်ဆန်ရဲ့ အောင်ပွဲကြောင့် မြန်မာ့အားကစား ပရိသတ်တွေ တစ်ကြိမ်ပျော်ခဲ့ရပြီးပါပြီ။ ယခု သက်ထားသူဇာရဲ့ အောင်ပွဲက မြန်မာ့အားကစားပရိသတ်တွေ အတွက် နောက်ထပ် ပျော်ရွှင်မှုတစ်ခုဖြစ်လာခဲ့ပါပြီ။



က္က