ဒုတိယအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။

ယနေ့ညမှာ ONE: CENTURY ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်းနဲ့ ဘရန်ဒန်ဗီရာတို့ရဲ့ပွဲစဉ်မှာ အောင်လရဲ့ ပတ်တံတောင်ကြောင့် မူးဝေပြီး ပွဲသိမ်းထိုးချက်တွေကြောင့် ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဘရန်ဒန်ဗီရာဟာ ဒိုင်ပွဲရပ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

ပထမအချီမှာ အောင်လအန်ဆန်းနဲ့ ဘရန်ဒန်ဗီရာတို့ဟာ တစ်ဦးနဲ့တစ်ဦး အပိုင်ပွဲသိမ်းထိုးကွက်ရရှိနိုင်မယ့် အခွင့်အရေးကို ချောင်းမြောင်းခဲ့ကြပြီး ဒုတိယအချီမှာ အောင်လအန်ဆန်းက ပတ်တံတောင်ကြောင့် မူးဝေသွားတဲ့ ဘရန်ဒန်ဗီရာကို ညာဝိုက်လက်သီးနဲ့ အဆုံးသတ်ပြီး ပွဲသိမ်းခဲ့တာဖြစ်ပါတယ်။



တစ်ခါတစ်လေမှာ ငါတို့တွေ စီစဉ်ထားတဲ့အတိုင်း မဖြစ်ကြပါဘူး။ဒါပေမယ့် အကောင်းဆုံးဖြစ်ဖို့က အဓိကပါပဲ။ကျနော့်ကို အခုအချိန်မှာ ပျော်လားလို့မေးရင် ဟင့်အင်း ကျနော်မပျော်ပါဘူး။ရှုံးခဲ့တဲ့အတွက် ဒေါသထွက်နေလားဆိုရင်တော့ ဟုတ်ပါတယ်၊ ဒေါသဖြစ်နေပါတယ်။ဒါပေမယ့် အောင်လအန်ဆန်းအတွက် ဂုဏ်ယူပါတယ်လို့ ထပ်ပြီးပြောချင်တယ်။မင်းအတွက် ဒါဟာထိုက်တန်ပါတယ်။ မင်းနဲ့ ထိုက်တန်ပါတယ်”

“ကိုယ့်လူ၊ မင်း အကောင်းဆုံး ထိုးသတ်နိုင်ခဲ့တယ်။ ခြေင်္သ့ကြီးရေ၊ ကမ္ဘာ့ချန်ပီယံရေ။ ငါတို့တွေ အနှေးနဲ့အမြန် လာနေပြီ။ ကျွန်တော်တို့တွေ ကမ္ဘာ့ချန်ပီယံဖြစ်နေသရွေးသရွေ့ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်နေရဦးမှာပဲ။


မင်းတို့အားလုံးကို ချစ်တယ်ကွာ။ ဂျပန်ကို လာခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ မင်းတို့ရဲ့ အကူအညီတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ One Championship ကအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပြောခဲ့ဖူးသလိုပဲ။ တခါတရံမှာ မင်းလိုချင်တဲ့အရာမျိုးက ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒါက မင်းရဲ့အိပ်မက်ကို အကောင်အထည်ဖော်တာ ရပ်ရမယ်လို့ အဓိပ္ပာယ်မရပါဘူး။ မင်း အိပ်မက်ထဲက အရာကို မင်း အရယူပါ။ အားလုံးကို ချစ်ပါတယ်”လို့ ပွဲအပြီး ဗီဒီယိုဖိုင်ထဲမှာ ပြောကြားခဲ့ပါတယ်။



က္က