ကနေဒါဂရင်းပရီကို ဇွန်လအတွင်း ကျင်းပဖို့လျာထားခဲ့တာပါ။
Win Kyaw Min

၂၀၂၀ ဖော်မြူလာဝမ်းပြိုင်ပွဲအားလုံးကျင်းပဖို့မသေချာတော့သလို လက်ရှိအချိန်မှာလည်း စိန်ခေါ်မှုများ စွာနဲ့ ရင်ဆိုင် နေရတာလည်းဖြစ်ပါတယ်။

ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ပိုင်ရှင်ဟောင်းဖြစ်သူ အယ်လ်ကလပ်စတုန်းက အားကစားလောကအနေနဲ့ အဆိုးရွား ဆုံးစိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း၊ ဖော်မြူလာဝမ်းအတွက်လည်း သမိုင်းတစ်လျှောက်အကြီးမားဆုံးယာဉ် တိုက်မှုကြီးတစ်ခုလိုမျိုးဖြစ်နေခဲ့ကြောင်း မှတ်ချက်ပြုပြောဆိုမှုကို dailymail က ဖော်ပြလာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အားကစားပွဲစဉ်အားလုံးရွှေ့ဆိုင်းထားရတဲ့အထဲမှာ ဖော်မြူလာဝမ်းပြိုင်ပွဲလ ည်း အပါအဝင်ဖြစ်ခဲ့ပြီး မတ်လ ၁၅ရက်နေ့မှာ ကျင်းပဖို့လျာထားတဲ့ သြစတြေးလျဂရင်းပရီပြိုင်ပွဲကစပြီး ဧပြီ ၅ ရက်နေ့မှာကျင်းပမယ့် ဗီယက်နမ်ဂရင်းပရီအထိ ပွဲစဉ်တွေကို ရွှေ့ဆိုင်းထားရတာလည်းဖြစ်ပါတယ်။



“ အားကစားလောကအတွက် တကယ်ကိုစိန်ခေါ်မှုပါ။ ပွဲတိုင်းနီးပါးရွှေ့ဆိုင်းရဖို့ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဖော် မြူလာဝမ်းပြိုင်ပွဲကတော့ အချိန်အတိုင်းအတာတစ်ခုအတွင်း ပြန်ကျင်းပနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခြား အားကစားပြိုင်ပွဲတွေကို မဆိုလိုပေမယ့် လက်ရှိအခြေအနေက ဖော်မြူလာဝမ်းပြိုင်ပွဲအတွက် အကြီးမားဆုံးယာ ဉ်မတော်တဆမှုကြီးတစ်ခုလို့ပဲ ဆိုချင်ပါတယ် ” လို့ အယ်လ်ကလက်စတုန်းက ဆိုခဲ့တာပါ။

လက်ရှိမှာ အဓိကပြိုင်ပွဲ ၈ခုအထိရွှေ့ဆိုင်းထားရပြီဖြစ်တဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲအနေနဲ့ ၂၀၂၀ ရာသီသစ်အစပွဲ စဉ်တွေကျင်းပဖို့ကို အခက်အခဲများစွာရှိနေခဲ့ပြီး မူလကသတ်မှတ်ထားတဲ့ ဧပြီ ၅ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းရမ ယ့်အခြေအနေရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ကျင်းပဖို့လျာထားတဲ့ လက်ကျန်ပွဲစဉ် ၁၄ပွဲမှာလည်း ရောဂါပိုးဆိုးရွားစွာပျံ့နှံ့ကူးစက်ခဲ့တဲ့ ပြင်သစ်၊ ဗြိတိန်၊ အီတ လီ၊ အမေရိကန်နိုင်ငံတွေပါဝင်နေဆဲဖြစ်တဲ့အတွက် သက်ဆိုင်ရာဂရင်းပရီပြိုင်ပွဲတွေကိုလည်း ထပ်မံရွှေ့ဆိုင်းဖို့ ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေဆဲလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က