ESL Pro League Season 9 ကိုတော့ ဇွန်လ ၁၈ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄း၃၀ ခန့်မှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။

ESL Pro League Season 9 : Finals ကို မကြာခင်အချိန်တိုအတွင်းမှာ ကျင်းပတော့မှာပဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာပြုလုပ်မယ့် ဒီပွဲကတော့ ESL ပြိုင်ပွဲများစွာထဲကမှ တစ်ပွဲဖြစ်ပြီး Total Prize Pool အနေနဲ့ အမေရိကန်ဒေါ်လာခြောက်သိန်း ချီးမြှင့်သွားမှာပါ။

ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်သူက $250000 ဒုတိယရရှိသူက $80000 တတိယရရှိသူက $40000 အစရှိသဖြင့် အသီးသီး ချီးမြှင့်ပေးသွားမှာပဲဖြစ်ပါတယ်။ EPL season9 မှာတော့ အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ယှဉ်ပြိုင်နေကျပုံစံအတိုင်း အုပ်စုခွဲ ကစားစေပြီးမှ ရှုံးထွက်အဆင့်ကိုတက်ရောက်ရမှာပါ။ ရှုံးထွက်အဆင့်မှာ BO3 ကစားရမှာဖြစ်ပြီး Single-elimination စနစ်ဖြစ်တာကြောင့် ဒုတိယအကြိမ် အခွင့်အရေးရနိုင်မှာ မဟုတ်ပါဘူး။ ESL Pro League Season 9 ကိုတော့ ဇွန်လ ၁၈ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄း၃၀ ခန့်မှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ အုပ်စုတစ်ခုချင်းစီရဲ့ သုံးသပ်ချက်ကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Group A

Group A ကတော့ Group B လောက်တော့ ပြိုင်ဆိုင်မှုပြင်းထန်မှာမဟုတ်ဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဒီ Group မှာ ထိပ်ဆုံးကနေ Semifinal ကိုတက်ရောက်သွားဖို့ ရာခိုင်နှုန်းအများဆုံးအသင်းကတော့ Astralis ပါပဲ။ ဒါပေမယ့် ကံကြမ္မာဆိုတာ ကြိုမမြင်ရတဲ့အရာဖြစ်တာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ Group A မှာပါဝင်တဲ့အသင်းတွေကတော့ -

Astralis

အသင်းလိုက်စုဖွဲ့မှုအားကောင်းသလို တစ်ယောက်ချင်းစီရဲ့ အရည်အသွေးကလည်း ကောင်းမွန်တဲ့ Astralis ကတော့ အုပ်စုဗိုလ်ဖြစ်ဖို့ တစ်ပြေးနေတဲ့ အသင်းပါ။ CSGO World Ranking ကို ၂၀၁၈ နှစ်ကုန်ပိုင်း ကနေ ၂၀၁၉ နှစ်ဆန်းပိုင်းလောက် အချိန်အကြာကြီး ထိန်းထားနိုင်ခဲ့သလို အဲဒီကာလတွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပြိုင်ပွဲတွေဟာလည်း သိပ်ကိုများပြားလွန်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အစွမ်းကုန်တောက်လောင်ပြီးတဲ့ မီးလျှံကြီးဟာ အနည်းငယ်မှေးမှိန်သွားခဲ့ပြန်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲဟာ စောစောစီးစီးအုပ်စုချောင်တဲ့ Astralis အတွက် ပြန်လည်တောက်လောင်ဖို့အကောင်းဆုံးအခွင့်အရေးပါပဲ။

Cloud 9

Cloud 9 တို့ရလဒ်တွေဆိုးရွားနေခဲ့တာ ၂၀၁၈ နှစ်ဆန်းပိုင်းလောက်ကတည်းက စတာပါ။ အဲဒီတစ်နှစ်လုံးရော ဒီဘက်နှစ်ရောက်တဲ့အထိပါ မေဂျာပြိုင်ပွဲတချို့မှာ ဒုတိယရခဲ့တာကလွဲရင် ကျန်တဲ့ပွဲတော်တော်များများက ကြမ်းတိုက်နေတယ်လို့ပြောလို့ရပါတယ်။

နောက်ဆုံးဆော့ခဲ့တဲ့ Americas Minor Championship Qualifier မှာလည်း The Quest ဆိုတဲ့အသင်းကို 2:0 နဲ့ရှုံးထားတာပါ။ တမင်မဆော့ချင်လို့ Throw တာလို့ဆင်ခြေပေးနိုင်ပေမယ့် ဒီလောက်ကြီး ပစ်စလက်ခက်နိုင်တာကတော့ နာမည်ကြီးအသင်းလို့တောင် မခေါ်ထိုက်ပါဘူး။ ကျွန်တော့်အမြင်အရတော့ ဒီပြိုင်ပွဲကို သူတို့လေးလေးနက်နက်ကစားရင် Semifinal လောက်ထိတော့ ရောက်နိုင်ပါသေးတယ်။

Dentona Gaming

ဘရာဇီးအခြေစိုက် Dentona အသင်းကတော့ ဒီပြိုင်ပွဲမှာ အိမ်ဖြည့်အဆင့်လောက်သာရှိပါတယ်။ ဒီအုပ်စုမှာရှင်သန်ဖို့ကို သူတို့အတွက်သိပ်ပြီးမျှော်လင့်ချက်မရှိပါဘူး။

Fnatic

အမြဲလိုလို ခြေချော်လက်ချော်ဖြစ်နေတဲ့ Fnatic ကတော့ ကြိုးစားရင် top 5 လောက်အထိတော့ ရောက်နိုင်မှာပါ။ ကျန်တာကတော့ သူတို့ရဲ့ In-game performance တွေကို စောင့်ကြည့်ရုံပဲ ရှိပါတော့တယ်။

G2

G2 ကတော့ သိပ်ပြီးတော့အကောင်းကြီးမဟုတ်သလို သိပ်အဆိုးကြီးထဲမပါပါဘူး။ မကြာသေးခင်ကမှ မိန်းမယူထားတဲ့ IGL ကြီး Shox ရဲ့လက်စွမ်းက ပုံမှန်အနေအထားမှာရှိနေပါတယ်။ ဒီပြိုင်ပွဲမှာ ကစားသမားအသစ် AmaNEk တစ်ယောက် ဆက်ပြီးလက်စွမ်းပြနိုင်ဦးမလား စောင့်ကြည့်ရဦးမှာဖြစ်သလို၊ လက်စွမ်း အမြဲလိုလို မတည်ငြိမ်တဲ့ Awper ကြီး KennyS ရဲ့ Performance တွေဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဒါ့အပြင် G2 ဟာပြင်သစ်ကစားသမား ငါးယောက်ပါဝင်တဲ့ အသင်းဖြစ်တာကြောင့် ပြင်သစ်မှာကျင်းပတဲ့ ဒီပြိုင်ပွဲမှာ အိမ်ကွင်းအားသာချက်ယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Grayhound Gaming

အိမ်ဖြည့်အသင်းလို့ပြောလိုက်ရင်တော့ ရက်စက်ရာကျသွားမယ် ဆိုပေမယ့်လို့ ဒီဂရုမှာ ရှင်သန်ဖို့အခွင့်အရေးအနည်းဆုံးက Dentona Gaming နဲ့ Grayhound Gaming ပါ။ ကံကြမ္မာမျက်နှာသာပေးမှသာ နောက်တစ်ဆင့်တစ်ရောက်နိုင်မှာဖြစ်တာကြောင့် ကံကောင်းပါစေလို့ ဆုတောင်းပေးရုံပဲတတ်နိုင်ပါတယ်။

Heroic

တစ်ချိန်ကနာမည်ကျော်လူကြိုက်များခဲ့တဲ့ Fragger ကြီး Friberg ဦးဆောင်လာတဲ့အသင်းကတော့ ဒီပြိုင်ပွဲမှာ အစွမ်းကုန်တိုက်ပွဲဝင်သွားမယ့်အသင်းပဲဖြစ်ပါတယ်။ ရလဒ်တွေထက် သူတို့ ဘယ်လိုတိုက်ပွဲဝင်မလဲ ဆိုတာကိုသာ ဆက်ပြီးစောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့မြန်မာစကားပုံတစ်ခုဖြစ်တဲ့ "ယှဉ်ပြိုင်မှုသည်သာ အဓိက" ဆိုသလိုပေါ့ဗျာ။


NRG

ဒီအသင်းက ထိပ်တန်းအဆင့်အသင်းမဟုတ်ပေမယ့် အရမ်းကြီးစုတ်ပြတ်နေတဲ့အသင်းလည်း မဟုတ်ပါဘူး။ ဖျက်မြင်းအသင်းလို့ဆိုရမလားပဲ။ ဒီပွဲမှာသူတို့ဘယ်လောက်အထိ ရုန်းကန်သွားမလဲဆိုတာကို ဖန်သားပြင်ပေါ်မှာသာ ဆက်လက်ရှုစားကြတာပေါ့ဗျာ။

Group B

ဒီအုပ်စုကတော့ တကယ့်ငရဲအုပ်စုပါပဲ။ Group A မှာလို ဘယ်သူက အုပ်စုဗိုလ်ဖြစ်မယ်ဆိုတာကို ခန့်မှန်းဖို့မလွယ်သလို ဘယ်သူကတော့ တန်းဆင်းရမယ်ဆိုတာကို အတပ်ပြောလို့မရပါဘူး။ အသင်းတိုင်းဟာ လက်ရည်မတိန်းမယိမ်းတွေဖြစ်ပြီး ဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားကြောင့် ဒီအုပ်စုပွဲစဉ်တွေက ကြည့်လို့ကောင်းဦးမှာအသေအချာပါပဲ။

FaZe

အသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းလာတာကြောင့် Organizer က သက်တော်ရှည် IGL ကြီးဖြစ်တဲ့ Karrigan ကို 2018 နှစ်ကုန်ပိုင်းလောက်မှာ ခုံတန်းလျားနောက်ကိုပို့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အသင်းဟာ လူသစ်တွေနဲ့ ယက်ကန်ယက်ကန် ရုန်းကန်လာလိုက်တာ နောက်ဆုံးမှာတော့ ပြိုင်ဘက်တွေရှိန်ရတဲ့ အဆင့်ကို ပြန်ရောက်ခဲ့ပြီလို့ပြောရမှာပါပဲ။ FaZe က ကစားသမားတွေရဲ့ တစ်ဦးချင်းစီစွမ်းရည်က ထိပ်တန်းအဆင့်မှာ ရှိနေတာကြောင့် ဒီပြိုင်ပွဲမှာသာ သူတို့အမှန်အကန်ဆော့မယ်ဆိုရင် ချန်ပီယံဆုကို အမီလှမ်းဖို့ ဖြစ်နိုင်ချေ တော်တော်ရှိပါတယ်။

Hell Raiser

ဝါရင့်ကစားသမား ANGE1 ရဲ့ဦးဆောင်မှုနဲ့ ဒီပြိုင်ပွဲမှာ HR ဘယ်လောက်ထိတောက်ပနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။

Luminosity

အသင်းဟောင်းတွေနဲ့တုန်းက တော်တော်လေးကောင်းခဲ့တဲ့ကစားသမားတွေဖြစ်တဲ့ HAN1, Boltz တို့ ပါဝင်တဲ့ ဒီအသင်းလည်း ဘယ်အတိုင်းအတာအထိ ရုန်းကန်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ တော်တော်ကောင်းပါတယ်။

MIBR

ဟိုးအောက်ခြေကနေ CSGO Pro Scene ရဲ့ထိပ်ဆုံးနေရာအထိ SK Gaming နာမည်အောက်မှာ အချိန်တော်တော်ကြာကြာ ရယူထားနိုင်ခဲ့တဲ့ ဘရာဇီးသားတွေဟာ ကစားသမားတွေ အပြောင်းအလဲတွေ လုပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ တော်တော်လေး ကမောက်ကမဖြစ်သွားပါတယ်။ အဲဒီနောက်ပိုင်း SK Gaming နဲ့လည်း လမ်းခွဲပြီးနောက်ပိုင်းမှာ သူတို့ရဲ့အခြေအနေက လူစားလဲလိုက်သလားလို့ အောက်မေ့ရအောင်ကို ဆိုးဝါးခဲ့ပါတယ်။ MIBR အသင်းဖွဲ့ပြီးတော့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ TACO နဲ့ felps တို့ကို ပြန်လည်ခေါ်ယူပြီးတဲ့အခါမှာတော့ ဆင်ပိန်ကျွဲလောက် အခြေအနေကို ပြန်ရောက်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ သူတို့တွေရဲ့ ဂုဏ်ပုဒ်တွေကို ပြန်အဖတ်ဆည်နိုင်မလား၊ The Beast လို့တင်စားခဲ့ကြတဲ့ Coldzera ကြီးကရော ဘယ်လို Performance တွေနဲ့ ပွဲထွက်လာဦးမှာလဲ၊ ဒီမေးခွန်းတွေရဲ့အဖြေက သိပ်မကြာခင်မှာပဲ ပေါ်တော့မှာပါ။

Mousesport

FaZe ရဲ့အပယ်ခံ ဝါရင့်ကစားသမား Karrigan ရဲ့ထိန်းကြောင်းမှုနဲ့အတူ လူငယ်ကစားသမားတွေဖြစ်တဲ့ Woxic နဲ့ Frozen တို့ရဲ့ စွမ်းဆောင်ရည်အနိမ့်အမြင့်အပေါ်မူတည်ပြီး Mouseport ရဲ့ရလဒ်တွေက ကွာခြားသွားမှာပါ။ Mousesport ဟာ ပြိုင်ဘက်တွေသတိထားရမယ့် ကြောက်စရာကောင်းတဲ့ ဖျက်မြင်း အသင်းတစ်သင်းဖြစ်တာကိုတော့ အထူးတလည်ရှင်းပြနေစရာမလိုဘူးလို့ထင်ပါတယ်။

North

ဒီအုပ်စုရဲ့ ကြောက်စရာကောင်းတဲ့ နောက်ထပ်ဖျက်မြင်းအသင်း North ကတော့ ချန်ပီယံဆုကိုစိန်ခေါ်နိုင်မယ့် ဘယ်အသင်းကို မျက်ရည်ကျအောင်လုပ်နိုင်ဦးမလဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ။

Team Liquid

လက်ရှိ World Rank 1 ဖြစ်တဲ့ Team Liquid ရဲ့စွမ်းဆောင်ရည်ကိုတော့ မေးခွန်းထုတ်နေစရာတောင် မလိုပါဘူး။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ့်အသင်းတွေထဲ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါပေမယ့်သူတို့ရောက်နေတဲ့ Group B က ငရဲအုပ်စုဖြစ်နေတာကြောင့် ခြေချော်လက်ချော်မဖြစ်ဖို့ တော်တော်ကြီးတော့ သတိထားရပါလိမ့်မယ်။

Tyloo

အနောက်တိုင်းသားတွေကြီးစိုးထားတဲ့ CSGO Pro Scene မှာပါဝင်လာတဲ့ တရုတ်အသင်း Tyloo အနေနဲ့တော့ ဒီပွဲမှာတော်တော်ကြီးကို ရုန်းကန်ရပါလိမ့်မယ်။ အချိန်မရွေး အိမ်ထပြန်သွားရနိုင်တာကြောင့် Tyloo ပရိသတ်တွေရှိခဲ့ရင် အစောကြီးကတည်းက စိတ်ကိုပြင်ဆင်ထားဖို့ အကြံပေးချင်ပါတယ်။

Written by မျိုးသန့်ကျော်



က္က