လာမယ့် ၂၆ ရက်နေ့မှာ WLC က စီစဉ်ပေးသထားတာ ဖြစ်ပါတယ်။

တွေ့မရှောင်က တစ်ချိန်က မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်ပြီး လက်ဝှေ့လောကနေ အနားယူသွားခဲ့တာလည်း ကြာခဲ့ပါပြီ။ဒါပေမယ့် ပရိသတ်တွေက ဒီကနေ့ လက်ဝှေ့ပွဲတွေကြည့်ပြီး တွေ့မရှောင်ကို အမြဲတမ်းတနေတဲ့ အသံတွေ ကြားနေရတာလည်း ဖြစ်ပါတယ်။

 

မြန်မာ့လက်ဝှေ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အ၀ ရရှိထားသလို ဒီနေ့အချိန်ထိလည်းသူ့ရဲ့ ဂုဏ်သတင်းတွေ မွှေးနေသေးတဲ့ လက်ဝှေ့ကျော်နဲ့ တွေ့ဆုံနိုင်မယ့် အခွင့်အရေးတစ်ခုကို WLC(ကမ္ဘာ့ကလက်ဝှေ့ချန်ပီယံရှစ်)ကစီစဉ်ပေးထားပါတယ်။

မြန်မာ၊ခမာနဲ့ တရုတ်တို့ အားပြိုင်မယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်(WLC - 6) 

ဒီတွေ့ဆုံပွဲကိုတော့ လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ရှိ ကန်တော်ကြီး ကရဝိတ်နန်တော်ထဲမှာ ကျင်းပသွားမှာ ဖြစ်ပြီး WLC-6:Heartless Tigers ရဲ့ သတင်းစာရှင်းလင်းပွဲကိုပါ တစ်ဆက်တည်း ကျင်းပသွားမယ်လို့ သိရပါတယ်။

Photo - WLC

 

အချိန်ကတော့ နံနက် ၁၀ နာရီဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အဆိုပါပွဲမှာ တွေ့မရှောင်နဲ့တွေ့ဆုံနိုင်ဖို့အတွက် အောက်မှာ ဖော်ပြပေးမယ့်ဖုန်းနံ ပါတ်ကိုတော့ ဆက်သွယ်စာရင်ေးပးဖို့တော့ လိုပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်တွေအနေနဲ့ အဆိုပါ အခမ်းအနားကို တက်ရောက်ပြီး တွေ့မရှောင်အပါအဝင် WLC-6:Heartless Tigers ပြိုင်ပွဲဝင်ကစားသမားများဖြစ်ကြတဲ့ စိုးလင်းဦး၊ကျော်ဇင်လတ်၊စောထူးအောင်၊ရန်နိုင်ထွန်းတို့နဲ့အတူ အမှတ်တရဓာတ်ပုံတွေ  ရိုက်ကူးခြင်းနဲ့အတူ သိလိုသည်များကိုလည်း ကိုယ်တိုင် တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

Photo - Busy.org

 

မြန်မာ လက်ခမောင်း ကုမ္ပဏီက ကြီးမှူးကျင်းပနေတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ၆ ကြိမ်မြောက် ပြိုင်ပွဲကိုလည်း လာမယ့် စက်တင်ဘာ လ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲမှာတော့ ခေါင်ပွဲအဖြစ် စိုးလင်းဦးက တရုတ်က ကျော်ဝမ်ဝမ်းနဲ့ ထိုးသတ်သွားမှာ ဖြစ်ပြီး အခြားနိုင်ငံတကာတွဲဆိုင်းတွေ အပါအဝင် ပြည်တွင်းခါပတ်ဗိုလ်လုပွဲတစ်ပွဲလည်း ပါဝင်မှာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်တွေအနေနဲ့ တွေ့မရှောင်တွေ့ဆုံချင်တယ်ဆိုရင်တော့ 09 775 100 100, 09 779 100 100 သို့ ယနေ့ကနေ စတင်ပြီး ဆက်သွယ်စာရင်းပေးနိုင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က