း ရင်တမမနဲ့ ကြည့်ရှုခဲ့ရပြီး ကြည့်ကောင်းတာထက်ကိုပိုတယ်လို့ ဆိုရလောက်အောင်ကို ကြည့်ရှုသူတွေကို ရသတွေပေးစွမ်းနိုင်ခဲ့ပါတယ်။

2018-19 DPC season ရဲ့ နောက်ဆုံး Dota 2 Minor ပြိုင်ပွဲဖြစ်တဲ့ StarLadder ImbaTV ပြိုင်ပွဲကတော့ ပြီးဆုံးခဲ့ပြီး ဖိုင်နယ်ပွဲမှာ NiP နဲ့ Alliance တို့က BO5 ယှဉ်ပြိုင်ကစားခဲ့ပြီး NiP အသင်းက 3-2 ရလဒ်နဲ့ အနိုင်ယူဗိုလ်စွဲသွားခဲ့ပါတယ်။

ချန်ပီယံ NiP က $125000 နဲ့ Runner-up ဖြစ်တဲ့ Alliance က $70000 ဆုကြေးငွေတွေကို အသီးသီးရရှိခဲ့တဲ့အပြင် မကြာခင်မှာကျင်းပမယ့် Epicenter Major ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုပါ နှစ်သင်းစလုံးရရှိခဲ့ပါတယ်။ Starladder ImbaTV ဟာ Minor ပွဲသာဆိုပေမယ့်လို့ ပွဲစဉ်တစ်လျှောက်လုံးဟာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး မထင်မှတ်ထားတာတွေလည်း ဖြစ်ခဲ့ပါသေးတယ်။ ဗိုလ်မစွဲတောင် နောက်လာမယ့် Major မှာ ဝင်ခွင့်တစ်နေရာရမယ်လို့ မျှော်လင့်ထားခဲ့တဲ့ EHOME အသင်းက အုပ်စုအဆင့်မှာတင် လှည့်ပြန်ခဲ့ရသလို အိမ်ဖြည့်အသင်းလို့ ယူဆထားခဲ့ကြတဲ့ တောင်အမေရိကကိုယ်စားပြု မျက်နှာသစ်အသင်း Team Anvorgesa ကလည်း လက်စွမ်းပြပြီး အဆင့် ၄ နေရာအထိကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲတစ်ခုလုံး အုပ်စုပွဲစဉ်ကစပြီး ပြင်းထန်လာတာဟာ နောက်ဆုံးဗိုလ်လုပွဲရောက်တဲ့အထိ အရှိန်က တစ်စက်ကလေးမှ မကျခဲ့ပါဘူး။ ဗိုလ်လုပွဲဟာ BO5 ဖြစ်ပြီး NiP နဲ့ Alliance တို့က ရေကုန်ရေခမ်း ဆော့ကစားခဲ့တာကြောင့် နောက်ဆုံးပွဲမှသာ အနိုင်အရှုံးထွက်ပေါ်ခဲ့ပါတယ်။ တစ်ပွဲချင်းစီတိုင်းကိုလည်း ရင်တမမနဲ့ ကြည့်ရှုခဲ့ရပြီး ကြည့်ကောင်းတာထက်ကိုပိုတယ်လို့ ဆိုရလောက်အောင်ကို ကြည့်ရှုသူတွေကို ရသတွေပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲကိုမကြည့်လိုက်ရသူတွေလည်း ရှိနေနိုင်တာမို့ ပွဲတစ်ပွဲချင်းစီကို အောက်မှာ Review သဘောပုံစံလေး ပြောပြသွားပေးပါမယ်။

Game 1

NiP Picks - Chen, Gyrocopter, Rubick, Bristleback, Leshrac

Alliance Picks - Grimstroke, Troll Warlord, Earthshaker, Centaur Warunner, Queen of Pain

Drafting မှာဆရာကြီးတစ်ဦးဖြစ်တဲ့ Captain PPD ကတော့ Game 1 မှာတင် လမ်းတက်ဖို့လွယ်သလို Team Fight တွေမှာ Damage အလုံအလောက်ပေးနိုင်တဲ့ Draft ကိုထုတ်ပြလိုက်ပါတယ်။ တစ်ဖက်မှာ Alliance ကလည်း Stun အများကြီးနဲ့ Team Fight အားပြုဆော့မယ့် Hero တွေကိုထုတ်ထားပါတယ်။

ဒီပွဲမှာတော့ Alliance ရဲ့ Draft နဲ့ strategy ကတော်တော်ကြီး အလုပ်ဖြစ်ခဲ့တယ်လို့ ပြောရမှာပါ။ Alliance က သူတို့ကိုင်ထားတဲ့ Hero တွေရဲ့ Early Game Kill Potential နဲ့ Power Spike ကို ကောင်းကောင်းကြီးအသုံးချပြီး အစောပိုင်းမှာတင် Hero Kill အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ Teammate တွေက အစောပိုင်းမှာတင် Hero Kill တွေရအောင်ယူပေးနိုင်တာကြောင့် MicKe ရဲ့ Troll Warlord ကဂိမ်းကို အသာအယာပဲ Snowball ပြီး Fat လာခဲ့ပါတယ်။

NiP ဘက်ကလည်း Mid Game အရောက်မှာ Ace ရဲ့ Gyro နဲ့ 33 ရဲ့ Bristleback တို့ အားကြောင့် အနည်းငယ်ပြန်ခံဆော့နိုင်ခဲ့ပါတယ်။ ဒီပွဲမှာလည်း NiP ရဲ့ Midlaner Fata ရဲ့ စွမ်းဆောင်ရည်ဟာ ထုံးစံအတိုင်း မေးခွန်းထုတ်စရာအခြေအနေမှာရှိခဲ့ပါတယ်။ သူ့ရဲ့ Leshrac က DPS အနည်းငယ်ထွက်တာကလွဲလို့ တစ်ဖက်အသင်းကို ဒုက္ခကြီးကြီးမားမားမပေးနိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ ရှေ့ကနေ ဒိုင်းကြီးသဖွယ်ကာကွယ်ပေးနေတဲ့ Bristleback နဲ့ Gyro ရဲ့ Damage Output တို့ကြောင့်သာ Late Game အထိဆွဲခေါ်နိုင်ခဲ့တာပါ။

ပွဲကစားချိန် ၄၄ မိနစ်အရောက်မှာတော့ Aegis ကိုင်ထားတဲ့ Troll က အောက်လမ်း Mega နှစ်လုံးကြားမှာရပ်နေတဲ့ Bristleback ကို CW နဲ့ QOP တို့ရဲ့အကူအညီနဲ့သတ်လိုက်ပါတယ်။ Bristleback ကလည်း BuyBack မရှိ၊ ပြန်ထွက်ဖို့ ၂မိနစ်လောက်စောင့်မှာဖြစ်တာကြောင့် NiP ဘက်က ရှေ့ကခေါင်းထိုးဝင်မယ့်ကောင်မရှိတော့ပါဘူး။ အဲဒါကိုအခွင့်ကောင်းယူပြီး Alliance က ရဲရဲတင်းတင်းပဲ Mega တွေတက်ယူခဲ့ပါတယ်။ နောက်တော့ NiP ဘက်က Hero တွေအကုန် လုံးပါး ပါးပြီး Defend ဖို့တစ်ကောင်မှမကျတော့တဲ့အခြေအနေရောက်ရှိသွားတာကြောင့် GG ခေါ်လိုက်ရပါတော့တယ်။

ဒီပွဲရဲ့ MVP Player ကတော့ Taiga ရဲ့ Earthshaker လို့ပြောရင် လက်မခံမယ့်သူရှားလောက်မှာပါ။ ပွဲတစ်ပွဲလုံးမှာ သူ့ Earthshaker ရဲ့ Impact ကလည်းတော်တော်ကြီးမားခဲ့ပါတယ်။ Early Game မှာ တိကျတဲ့ Fissure တွေနဲ့အတူ Hero Kill တွေကိုရယူပေးနိုင်ခဲ့သလို Mid/Late Game အရောက်မှာလည်း သူ့ရဲ့နေရာယူမှု နဲ့ အဝင်အထွက်မှန်ကန်မှုတွေကြောင့်ပဲ Battle တွေအနိုင်ရခဲ့တာပဲဖြစ်ပါတယ်။

Game 2

NiP Picks - Sven, Batrider, Undying, Mirana, Centaur Warunner, 

Alliance Picks - Winter Wyvern, Mars, Tusk, Weaver, Medusa

ဒုတိယပွဲမှာတော့ NiP က Lane Dominator တွေနဲ့ပွဲထွက်လာပြီး Alliance ကတော့ သူတို့ပုံစံအတိုင်း Gank လို့ကောင်းပြီး Kill Potential မြင့်တဲ့ Hero တွေနဲ့ပွဲထွက်လာခဲ့ပါတယ်။ Lane Dominator တွေယူထားတဲ့ NiP က အေးအေးဆေးဆေးပဲ လမ်းပေါ်မှာအသာစီးရယူနိုင်ခဲ့ပါတယ်။ Early Game မှာ Hero Kill တွေက မတိမ်းမယိမ်းရှိနေပေမယ့် NiP က Map ကိုပိုပြီး ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ Alliance Carry Player MicKe ရဲ့ Weaver ကလည်း Lane Stage မှာ Undying, Centaur တို့နဲ့နေခဲ့ရတာကြောင့် Underfarmed ဖြစ်နေပြီး လှုပ်ရမယ့်အချိန်တွေမှာ လှုပ်မရခဲ့ပါဘူး။ ဒီလိုတစ်ယောက်တစ်လှည့်ဆီ Kill လိုက် Clash လိုက်ကြနဲ့ Mid Game ကိုရောက်လာတဲ့အခါမှာတော့ Linken's Sphere တစ်ခုသာရှိတဲ့ Weaver အပြင် PowerSpike ရောက်ဖို့ Item မစုံသေးတဲ့ Medusa တို့ကြောင့် တော်တော်ကြီးနိမ့်လာပါတယ်။ Clash တိုင်းလည်း NiP ဘက်က Position 5 Support Undying ကိုတောင်မဖြတ်နိုင်တော့ဘဲ အမှားတွေဆက်တိုက်ကျူးလွန်မိလာကာ NiP က ဖိအားဆက်တိုက်ပေးတဲ့အခါမှာတော့ လုံးဝမနိုင်တော့ဘဲ GG ခေါ်ပြီးအရှုံးပေးလိုက်ရပါတော့တယ်။

ဒီပွဲမှာတော့ Fata ရဲ့ Mirana နဲ့ Saksa ရဲ့ Batrider တို့ကို ပူးတွဲ MVP ပေးချင်ပါတယ်။ အမြဲတမ်းလိုလို Underperformance ဖြစ်နေတဲ့ Fata တစ်ယောက် ဒီပွဲမှာ ခေါင်းပြန်ထောင်လာနိုင်ခဲ့ပါတယ်။ သူ့ Mirana ရဲ့ Arrow တွေက ဟိုဘက်က Core Player တွေကို တော်တော်ကြီးဒုက္ခပေးခဲ့တာပါ။ နောက်ပြီးတော့ Saksa၊ သူ့ကိုလူတွေသတိသိပ်မထားမိကြပေမယ့် Performance ကောင်းတဲ့ Pos4 ကစားသမားတွေထဲမှာ သူပါဝင်ပါတယ်။ ဒီပွဲမှာလည်း သူနှောက်တဲ့ဒဏ်ကို Alliance တော်တော်ခံခဲ့ရပါတယ်။ နောက်ပြီး သူ့ရဲ့ Lasso တွေကလည်း ပွဲကိုအဆုံးအဖြတ်ပေးတဲ့နေရာမှာ အဓိကကျခဲ့ပါတယ်။

Game 3

NiP Picks - Abbadon, Enigma, Ursa, Templar Assassin, Batrider

Alliance Picks - Juggernaut, Grimstroke, Clockwerk, Lone Druid, Monkey King

ဒီပွဲမှာတော့ NiP က အရင်ပွဲမှာအလုပ်ဖြစ်ခဲ့တဲ့ Batrider ကိုဆက်ယူထားပြီး 33 ကိုကိုင်ခိုင်းခဲ့ပါတယ်။ နောက်ပြီး Right Click လိုက်ထောက်တဲ့ Hero တွေကိုကောင်းကောင်းရတဲ့ Fata ကိုတော့ TA ပေးလိုက်ပါတယ်။ Alliance ကတော့သူတို့ရဲ့ Formula အတိုင်းပဲ အစပိုင်း Kill အသာနဲ့ Carry ကို Snowball ခိုင်းမယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးနဲ့ပဲ Kill Potential ကောင်းတဲ့ Hero တွေကိုသာဆက်ကိုင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာတော့ Ace ရဲ့ Ursa ကို Farm ခွင့်တောင်မပေးဘဲ Clockwerk, Grim တို့နှစ်ကောင်ပေါင်းပြီး အသေအကြေလိုက်သတ်ပါတယ်။ နောက်က PPD က Abbadon ကြီးနဲ့ Babysit ပေးနေတာတောင် လုံးဝမရပါဘူး။ Alliance ဘက်က Support နှစ်ကောင်ရှိတဲ့ တစ်လမ်းသာ သာသာယာယာရှိခဲ့ပြီး။ ကျန်တဲ့လမ်းတွေမှာတော့ တော်တော်နိမ့်ခဲ့ပါတယ်။ ဒီကြားထဲ Lone Druid Mid ကလည်းအစပိုင်း Last Hit သာတာလောက်ကလွဲပြီး လုံးဝအလုပ်မဖြစ်သလောက်ပါပဲ။ အစပိုင်း Support နှစ်ကောင်ကြောင့်သာ Hero Kill သာနေတဲ့ Alliance တို့ဟာ Fata တစ်ယောက် ၁၆မိနစ်နဲ့ Deso+Dagger ရသွားတဲ့အခါမှာတော့ တပ်ပျက်သွားပါတော့တယ်။ NiP ကလည်း Fata ကိုအားကိုးပြီး ဖိလာလိုက်တာ ဟိုဘက်က Lone Druid နဲ့ MK တို့ လှုပ်လို့တောင်မရတော့အထိပါပဲ။ ဒီကြားထဲ Boxi ရဲ့ MK ကလည်း Ulti ကိုတလွဲကြီးသုံးလိုက်ပါသေးတယ်။ ဒီလိုနဲ့တပ်ပျက်သွားတဲ့ Alliance ကို NiP က သာသာယာယာပဲ ၃၄ မိနစ်မှာ အနိုင်ယူလိုက်ပါတော့တယ်။

ဒီပွဲရဲ့ MVP ကိုတော့ Right Clicker ကြီး Fata ကိုပေးချင်ပါတယ်။ သူ့ရဲ့ Kill တွေကြောင့်သာ ဟိုဘက်က Support Duo နလန်မထူနိုင်တော့ဘဲ ပွဲကို အေးအေးဆေးဆေး အနိုင်ယူနိုင်တာပဲ ဖြစ်ပါတယ်။

Game 4

NiP Picks - Abbadon, Rubick, Ember Spirit, Antimage, Lone Druid

Alliance Picks - Sand King, Storm Spirit , Grimstroke, Juggernaut, Slardar

ဒီပွဲကတော့ ပွဲစဉ်တစ်ခုလုံးမှာကြည့်လို့အကောင်းဆုံး Entertain အဖြစ်ဆုံးပွဲလို့ကိုဆိုရမှာပါ။ NiP ကလည်း ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းပဲအလို၊ Alliance ကလည်း ဒီတစ်ပွဲရှုံးရင် ချန်ပီယံအိပ်မက်ကို စွန့်လွှတ်ရတော့မှာဆိုတော့ နှစ်သင်းစလုံးက အစွမ်းကုန်ထုတ်သုံးတော့တာပါပဲ။ ပွဲချိန်ကလည်း တစ်နာရီနီးပါး ရှိပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ဘတစ်ပြန်ကျားတစ်ပြန် ချကြတာတွေကိုလည်း ရင်တမမနဲ့ကြည့််ရတဲ့ပွဲပါ။ ကျန်တဲ့ပွဲတွေ မကြည့်ချင်ဘူးဆိုရင်တောင် ဒီတစ်ပွဲကို Highlight လောက်ဖြစ်ဖြစ် ပြန်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ။ ဒီလိုပွဲမျိုးကို စာနဲ့ပြောပြတာထက် ကိုယ်တိုင်ကိုယ်ကျကြည့်ပြီး ခံစားစေချင်တာပါ။

ဒီပွဲမှာတော့ MVP ကို MicKe ရဲ့ Juggernaut ကိုပေးချင်ပါတယ်။ 6 slotted Antimage ကို ယှဉ်ရိုက်တာတွေကို ကြည့်ရတာကတော့ တကယ့်ကိုအားရစရာပါပဲ။ ဒီပွဲမှာ သူတစ်ယောက်တည်းကို MVP ပေးရတာ မတရားဘူးလို့လည်း ထင်မြင်ကြသူတွေလည်းရှိမှာပါ။ ဘာလို့လဲဆိုတော့ ဒီပွဲမှာအားလုံးက On fire ဖြစ်နေပြီး အစွမ်းကုန်ထုတ်သုံးနေတာကြောင့်ပါ။ ပွဲကအစပိုင်းမှာ နည်းနည်းတည်ငြိမ်နေပေမယ့် Mid Game ကစပြီး Clash တွေဆက်တိုက်ချပြီး တဖြည်းဖြည်းပြင်းထန်လာလိုက်တာ ပွဲဆုံးသွားတဲ့အထိပါပဲ။ ဒီလိုပွဲမျိုးကိုတော့လုံးဝလက်လွတ်ခံလို့ မသင့်ပါဘူး။

Game 5

NiP Picks - Sand King, Abbadon, Lina, Lifestealer, Meepo

Alliance Picks - Earth Spirit, Grimstroke, Tiny, Templar Assassin, Faceless Void

Starladder ပြိုင်ပွဲသာ ဇာတ်ကားတစ်ကားလို့ဆိုရမယ်ဆိုရင် Game 5 ဟာ Anticlimatic ဖြစ်တဲ့ Ending တစ်ခုလို့ပြောရမှာပါပဲ။ ဒီပွဲမှာတော့ PPD ဟာ ပါးပါးနပ်နပ်နဲ့ပဲ Last Pick ကို Suprise Pick အနေနဲ့ Meepo ကြီးကိုပွဲထုတ်လိုက်ပါတယ်။ Alliance ရဲ့ Line up မှာလည်း Meepo ကို Hard Counter လုပ်လို့ရမယ့် Hero တစ်ကောင်မှမပါပါဘူး။ ဒါ့အပြင် Alliance ကလည်း နောက်ဆုံးပွဲမို့ စိတ်လှုပ်ရှားနေတာလား၊ သူတို့အားတွေကို Game 4 မှာပဲ အကုန်ထုတ်သုံးလိုက်ရလို့လားပဲ မသိ၊ အမှားတွေကျူးလွန်မိပါတယ်။

Early Game မှာ Meepo ကို Mid လာပြီး ဝိုင်း Gank ကြတဲ့နေရာမှာ Physical Hit တစ်ချက်ပေးလိုက်ရင် သေမယ့် Meepo မရိုက်ဘဲ တခြားကောင်သွားမဲလို့ Meepo လွတ်သွားတာတွေ၊ Faceless Void ကြီးက Chrono အုပ်ဖို့ပြေးလာပြီး အနားရောက်မှာ Mask Of Madness ဖွင့်မိပြီး Silence ပိတ်သွားလို့ တပ်ဆုတ်လိုက်ရတဲ့ အမှားတွေက ပွဲကို စောစောပြီးစေခဲ့တဲ့အချက်တွေပါပဲ။ Draft နိမ့်ရတဲ့ကြားထဲ အမှားတွေပါ ဆက်တိုက်ကျူးလွန်မိတော့ တဖြည်းဖြည်းအင်အားကြီးမားလာတဲ့ Ace ရဲ့ Meepo ကိုမလှန်နိုင်တော့ဘဲ စောစောစီးစီး ၃၄ မိနစ်နဲ့တင် ပွဲပြီးသွားခဲ့ပါတယ်။ တကယ်တော့ မိနစ် ၂၀ ကျော်လောက်ကတည်းက အနိုင်အရှုံးဟာ အဖြေပေါ်နေခဲ့ပြီးဖြစ်ပါတယ်။ ဒီပွဲမှာတော့ 16/0/5 ဆိုတဲ့ရလဒ်နဲ့ Meepo ကိုအကောင်းဆုံးကစားသွားတဲ့ Ace ကို MVP ပေးချင်ပါတယ်။ Ace ဟာ အကောင်းဆုံး Meepo ကစားသမားတွေထဲက တစ်ယောက်ဆိုတာကတော့ ယုံမှားဖွယ်ရာမရှိပါဘူး။

နောက်ဆုံးအနေနဲ့ လာမယ့် Epicenter Major မှာ နှစ်သင်းစလုံးကံကောင်းကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ အထူးသဖြင့် Alliance ပေါ့။ NiP ကတော့ TI9 ဝင်ခွင့်တစ်နေရာ သေချာသွားပြီဖြစ်တဲ့အတွက်ကြောင့် နောက်ပွဲဟာ ဆုကြေးတစ်ခုတည်းကစားရမယ့်ပွဲပါ။ Alliance ကတော့ Epicenter မှာ 5-6th အတွင်းလောက်ဝင်မှ TI9 ဝင်ခွင့်အတွက် သေချာမှာဖြစ်ပါတယ်။ သူတို့ရဲ့ Fighting Spirit ကို မနေ့ညကပဲ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပြီမို့ နောက်တစ်ဆင့်ကိုတက်လှမ်းစေချင်တဲ့ဆန္ဒဟာ ပွဲကြည့်သူတိုင်းရဲ့စိတ်ထဲမှာ ဖြစ်ပေါ်နေမှာအမှန်ပါပဲ။

Written by မျိုးသန့်ကျော်



က္က