အခုထိတော့ နေရာရှာဖွေနေဆဲဖြစ်ပါတယ်။
Pyae Phyo Thein

ဂျိုရှူဟွာကို ပူလပ်ဗ်က စိန်ခေါ်ခွင့်ရရှိထားတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ပွဲစဉ်ကို မူလက ဧပြီလအတွင်းမှာ ကျင်းပဖို့စီစဉ်ထားပြီး တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အိမ်ကွင်းမှာကျင်းပဖို့ ရှိနေခဲ့တာပါ။


အန်သိုနီဂျိုရှူဟွာ နဲ့ ကူဘရတ်ပူလပ်ဗ်တို့ရဲ့ ပွဲစဉ်ကို ရွက်လှေတစ်စီးပေါ်မှာ ကျင်းပဖို့လည်း ဖြစ်နိုင်တယ်လို့ ဂျိုရှူဟွာရဲ့ ပွဲစီစဉ်သူ အက်ဒီဟမ်းက ပြောဆိုလိုက်ပါတယ်။ ဂျိုရှူဟွာဟာ ဟဲဗီးဝိတ်တန်းရဲ့ WBA, IBF, WBO နဲ့ IBO ချန်ပီယံဖြစ်ပြီး ပူလပ်ဗ်ကတော့ WBA Inter-Continental ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ 

ဂျိုရှူဟွာကို ပူလပ်ဗ်က စိန်ခေါ်ခွင့်ရရှိထားတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ပွဲစဉ်ကို မူလက ဧပြီလအတွင်းမှာ ကျင်းပဖို့စီစဉ်ထားပြီး တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အိမ်ကွင်းမှာကျင်းပဖို့ ရှိနေခဲ့တာပါ။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲဖျက်ခဲ့ရပြီး လက်ရှိမှာ ပြန်လည်ထိုးသတ်မယ့်နေ့ရက်နဲ့ နေရာကို ရွေးချယ်နေဆဲဖြစ်ပြီး ရွက်လှေပေါ်မှာဖြစ်နိုင်တယ်လို့ သတင်းတွေထွက်လာခဲ့တာပါ။ 

"လူ ၁၀၀၀ လောက်ပါ ကြည့်ရှုခွင့်ရမယ့် အိုင်ဒီယာမျိုး ကျွန်တော်တို့ဆီမှာရှိပါတယ်၊ ဒီအတွက် ကြိုတင်ပြင်ဆင်ထားတာတွေလည်း အနည်းငယ်ရှိပြီးသားပါ၊ ရဲတိုက်၊ ဟိုတယ်တွေမှာ ထိုးသတ်ဖို့လည်း ပြောဆိုဆွေးနွေးနေပြီးတော့ လှေတစ်စီးပေါ်မှာလည်း ဖြစ်နိုင်ပါတယ်၊ ခရိုအေးရှားကလည်း သူတို့ရဲ့ လှပတဲ့ကွင်းကြီးထဲမှာ ထိုးသတ်ဖို့ ကမ်းလှမ်းထားတာရှိပါတယ်"

"အကောင်းဆုံးဖြစ်နိုင်မယ့်အရာကို ရွေးချယ်ဖို့အတွက် ကျွန်တော်တို့မှာ ရှိနေပါတယ်၊ ဒါတွေအားလုံးက လွတ်လွတ်လပ်လပ်နဲ့ စဉ်းစားလို့ရမယ့်အရာတွေချည်းပါပဲ၊ ဘယ်လိုခွင့်ပြုချက်မျိုးပေးသွားမလဲဆိုတဲ့အပေါ်မှာပဲ မူတည်နေပါတယ်" လို့ အက်ဒီဟမ်းက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဂျိုရှူဟွာကတော့ ဒီပွဲထိုးသတ်ပြီးပါက ဟဲဗီးဝိတ်တန်းရဲ့ အကြီးကျယ်ဆုံးပွဲဖြစ်လာစေမယ့် တိုင်ဆန်ဖြူရီနဲ့ပွဲကို ထိုးသတ်သွားဖို့ရှိနေပါတယ်။ ဗြိတိန်လက်ဝှေ့ကျော်နှစ်ဦးရဲ့ ပွဲစဉ်ဖြစ်လာမှာကြောင့် သမိုင်းတစ်လျှောက်အကောင်းဆုံးပွဲစဉ်ဖြစ်လာဖို့ ခန့်မှန်းခံနေရပါတယ်။ တစ်ဖက်မှာလည်း ဖြူရီက ၀ိုင်လ်ဒါနဲ့ တတိယမြောက်ပွဲထိုးသတ်သွားရဖို့ရှိနေပါသေးတယ်။ 


Author


က္က