လာမယ့်နှစ်ထဲမှာ ထိုးသတ်သွားတော့မှာပါ။
Pyae Phyo Thein

နာမည်ကျော်ပွဲစီစဉ်သူ အက်ဒီဟင်းန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြခဲ့ကာ နှစ်ပွဲအထိ ထိုးသတ်သွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ 


ဗြိတိန်လက်ဝှေ့ကျော်နှစ်ဦးဖြစ်တဲ့ အန်သိုနီဂျိုရှူဟွာ နဲ့ တိုင်ဆန်ဖြူရီတို့ဟာ ထိုးသတ်ပွဲဆင်နွှဲဖို့အတွက် မူအားဖြင့် သဘောတူညီမှုရရှိသွားခဲ့ပြီလို့ Sky Sports က ဖော်ပြသွားခဲ့ပါတယ်။ နာမည်ကျော်ပွဲစီစဉ်သူ အက်ဒီဟင်းန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြခဲ့ကာ နှစ်ပွဲအထိ ထိုးသတ်သွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ 

လာမယ့်နှစ်အတွင်းထိုးသတ်သွားကြမှာဖြစ်ပြီးတော့ ဗြိတိန်လက်ဝှေ့ကျော်နှစ်ဦးရဲ့ ပွဲစဉ်ဟာ ဝင်ငွေအရလည်း များပြားတဲ့အကျိုးအမြတ်ရရှိမယ်လို့ ခန့်မှန်းထားပြီး ဒီပွဲစဉ်ဖြစ်ပေါ်လာဖို့ မျှော်လင့်နေတဲ့ ပရိသတ်တွေရဲ့ ဆန္ဒလည်းပြည့်ဝတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့လောကကို သူတို့နှစ်ဦးက လက်ရှိမှာ လွှမ်းမိုးထားတာဖြစ်ပြီး "ကြီးမားတဲ့တိုးတက်မှုတွေကို ကျွန်တော်တို့ပြုလုပ်နေပါတယ်" လို့ အက်ဒီဟင်းန်က ပြောကြားခဲ့ပါတယ်။ 

"ကျွန်တော်တို့ ကျော်လွှားရမယ့်အရာတွေရှိနေပါသေးတယ်၊ ပွဲကျင်းပမယ့်နေရာနဲ့ နေ့ရက်ကိုလည်း ရွေးချယ်နေတုန်းပါ၊ ထိုးသတ်ကြေးနဲ့ ပတ်သက်ပြီးတော့ သူတို့နှစ်ဦးစလုံးနဲ့ သဘောတူညီမှုရရှိထားပြီးပြီဆိုတာ အမှန်ပါပဲ၊ ကောင်းမွန်တဲ့ အနေအထားတစ်ခုမှာ ရှိနေပြီးတော့ ထိုးသတ်ဖို့အတွက် မူအားဖြင့် သူတို့တွေသဘောတူခဲ့ပါတယ်၊ နှစ်ပွဲထိုသတ်သွားမှာပါ" လို့ ဟင်းန်က Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

တိုင်ဆန်ဖြူရီကတော့ WBC ဟဲဗီးဝိတ်ချန်ပီယံဖြစ်ကာ ဂျိုရှူဟွာကတော့ IBF ၊ WBA ၊ WBO ခါးပတ်တွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးဟာ အခြားသောပြိုင်ဘက်တွေနဲ့ ထိုးသတ်ဖို့ရှိနေပြီး ဖြူရီက ၀ိုင်လ်ဒါနဲ့ မကျေပွဲ၊ ဂျိုရှူဟွာက ပူလပ်ဗ်နဲ့ ထိုးသတ်သွားရဖို့ စာချုပ်တွေရှိနေတယ်လို့ သိရကာ အဆိုပါပွဲတွေအပြီးမှာတော့ သူတို့နှစ်ဦးရဲ့ ပွဲကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ 


Author


က္က