မာစီဒီးအသင်းအနေနဲ့ ၂၀၁၉ကမ္ဘာ့ချန်ပီယံဆုရရှိဖို့ ရာနှုန်းပြည့်နီးပါးသေချာနေခဲ့ပြီလည်းဖြစ်ပါတယ်။

ဗြိတိန်ကားမောင်းသမားဟာမီလ်တန်အနေနဲ့ ၂၀၂၀တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ မာစီဒီးအသင်းအနေနဲ့ အဓိက,ကစားသမားတစ်ဦးဖြ စ်တဲ့ ကမ္ဘာ့ချန်ပီယံကားမောင်းသမားဟာမီလ်တန်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းမှုအချို့ ပြုလုပ်ထားပြီဖြစ်တယ်လို့ Dailyamail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ကမ္ဘာ့ချန်ပီယံဆုကို ၅ကြိမ်အထိရရှိထားဖူးတဲ့ ဟာမီလ်တန်အနေနဲ့ လက်ရှိကျင်းပနေဆဲဖြစ်တဲ့ ၂၀၁၉ ဖော်မြူ လာဝမ်းပြိုင်ပွဲမှာလည်း ကမ္ဘာ့ချန်ပီယံဆုရရှိဖို့အတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားတဲ့အတွက် မာစီဒီးအသင်းက အခုလိုကမ်းလှမ်းမှုတွေပြုလုပ်နေခဲ့တာပါ။



သတင်းဖော်ပြမှုတွေအရ ဟာမီလ်တန်အနေနဲ့ ၂၀၂၀ ပြိုင်ပွဲပြီးဆုံးချိန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေ မယ့် မာစီဒီးအသင်းရဲ့ အဓိကပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ ဖာရာရီအသင်းက ကမ်းလှမ်းမှုအချို့ပြုလုပ်ဖို့ရှိ နေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

“ ဟာမီလ်တန်နဲ့အကြား ဆွေးနွေးမှုအချို့စတင်နေပါပြီ။ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့အတွက် ပထမအဆင့် စတင်မှုပါ။ ၂၀၂၁မှာ အသင်းကိုကိုယ်စားပြုမယ့် ပြိုင်ပွဲဝင်တွေက ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ မသိနို င်သေးပါဘူး။ ဒါပေမဲ့ ဘာမဆိုဖြစ်လာနိုင်ပါတယ် ” လို့ မာစီဒီးအသင်းရဲ့ ပိုင်ရှင်တိုတိုဝုလ်ဖ်က အတည်ပြုခဲ့တာ လည်းဖြစ်ပါတယ်။

လက်ရှိမှာ ဟာမီလ်တန်နဲ့အတူ ကမ္ဘာ့ချန်ပီယံအမှတ်ပေးဇယားတွင် အဆင့်-၂နေရာမှာရှိနေခဲ့တဲ့ အသင်းဖော်ဗ စ်တာရီဘော့တက်စ်ကိုလည်း မာစီဒီးအသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းမှုအချို့ပြုလုပ် ဖို့ရှိနေတယ်လို့လည်း ဆက်စပ်သတင်းဖော်ပြမှုအချို့အရ သိရပါတယ်။



က္က