၁၃ နှစ်အရွယ် သမီးငယ်ပါ ပါဝင်ခဲ့ပါတယ်။
Pyae Phyo Thein

ကယ်လီဖိုးနီးယားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ လော့အိန်ဂျလိစ်ရဲ့ အနောက်မြောက်မိုင် ၃ဝခန့် အကွာမှာ ရဟတ်ယာဉ်ပျက်ကျခဲ့တာဖြစ်ပါတယ်။ 


နာမည်ကျော်ဘတ်စကတ်ဘောကစားသမားတစ်ဦးဖြစ်တဲ့ ကိုဘီဘရိုင်ယန်ဟာ မနေ့ကဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ ပါဝင်ခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာ ကိုဘီဘရိုင်ယန်က အသက် ၄၁နှစ်အရွယ်သာရှိနေသေးပြီး NBA ကြယ်ပွင့်ဟောင်းရဲ့ အဖြစ်အပျက်က မယုံကြည်နိုင်စရာဖြစ်ခဲ့ရပါတယ်။ 

NBA All-Star အသင်းမှာ ၁၈ ကြိမ်ပါဝင်ခဲ့ပြီး အယ်လ်အေလိတ်ကာအသင်းကို ချန်ပီယံဆု ၅ ကြိမ်အထိရရှိအောင် ကိုဘီဘရိုင်ယန်က စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဘတ်စကတ်ဘောလောကရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားမှာ ဖြစ်ပွားခဲ့တာ

ဖြစ်ပြီးတော့ လော့အိန်ဂျလိစ်ရဲ့ အနောက်မြောက်မိုင် ၃ဝခန့် အကွာမှာ ရဟတ်ယာဉ်ပျက်ကျခဲ့တာဖြစ်ပါတယ်။ 

ကိုဘီဘရိုင်ယန်နဲ့အတူ သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် သမီးငယ်လေး ဂျီယာနာပါ ပါဝင်ခဲ့ပြီး စုစုပေါင်း ၉ ဦးအထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ သေဆုံးသူတွေရဲ့ နာမည်ကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ကိုဘီဘရီုင်ယန်တို့သားအဖနှစ်ဦး ပါဝင်ခဲ့တယ်ဆိုတာကိုသာ အတည်ပြုထားခဲ့ပြီး ပျက်ကျမှုအကြောင်းရင်းကို ဒေသခံရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။ 

ဒီပျက်ကျမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်ကလည်း မယုံကြည်နိုင်ခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ လော့အိန်ဂျလိစ်တောင်ပိုင်းမှာနေထိုင်တဲ့ ကိုဘီဘရိုင်ယန်ဟာ ယာဉ်ကြောပိတ်ဆို့မှုပြသနာကြောင့် မကြာခဏဆိုသလို ရဟတ်ယ ာဉ်အသုံးပြုပြီး ခရီးထွက်လေ့ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကံဆိုးစွာနဲ့ပဲ ရဟတ်ယာဉ်ပျက်ကျခဲ့ရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ 


Author


က္က