၂၀၁၉ ခုနှစ်မှာ အဆိုပါဆုကို ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပါတယ်။
Pyae Phyo Thein

အောင်လအန်ဆန်ကတော့ ၂၀၁၉ ခုနှစ်ရဲ့ INTERNATIONAL FIGHTER OF THE YEAR ဆုကို ရရှိထားခဲ့သူဖြစ်ပြီးတော့ အဆိုပါဆုကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကို ပိုင်ဆိုင်နေတာလည်းဖြစ်ပါတယ်။


Fighters Only မဂ္ဂဇင်းက ရွေးချယ်ပေးအပ်နေတဲ့ ကမ္ဘာ့ကိုယ်ခံပညာတိုက်ခိုက်ရေးပေါင်းစုံ ဆုပေးပွဲကြီးရဲ့ ၂၀၂၀ အကောင်းဆုံးဖိုက်တာဆုအတွက် ဆန်ခါတင်စာရင်းတွေ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကျင်းပနေတဲ့ MMA ပြိုင်ပွဲတွေရဲ့ အကောင်းဆုံးဖိုက်တာတွေကို ရွေးချယ်ပြီးတော့ ပေးအပ်နေခဲ့တာဟာ ၁၂ကြိမ်မြောက်ဖြစ်လာခဲ့ပြိလည်းဖြစ်ပါတယ်။ 

သက်ဆိုင်ရာဆုပေးအပ်မှုတွေအရ ဆန်ခါတင်စာရင်းမှာ နာမည်ကျော်တိုက်ခိုက်ရေးသမားတွေ ပါဝင်လာခဲ့ပြီးတော့ ONE Championship ပြိုင်ပွဲရဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ဟာလည်း International Fighter of The Year ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ 

ဒီဆုအတွက် အောင်လအန်ဆန်ဟာ နာမည်ကျော်ဖိုက်တာလေးဦးနဲ့ အပြိုင်အဆိုင်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်နဲ့အတူ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့သူတွေကတော့ UFC အမျိုးသမီးဖိုက်တာစထရောဝိတ်တန်းချန်ပီယံ Weili Zhang ၊ UFC အမျိုးသားဖိုက်တာဝယ်တာဝိတ်တန်းချန်ပီယံ ကာမာရုအူစ်မန်၊ UFC အမျိုးသားဖိုက်တာ မစ်ဒယ်ဝိတ်တန်းချန်ပီယံ အစ္စရေးလ်အက်ဒီဆန်ညာ နဲ့ UFC အမျိုးသမီးဖိုက်တာ ဖလိုင်းဝိတ်ချန်ပီယံ ဗလင်တီနာရှက်ချန်ကိုတို့ဖြစ်ပါတယ်။ 

ဒီနှစ်အတွက် ပေးအပ်သွားမယ့်ဆုတွေကတော့ Charles 'Mask' Lewis Fighter Of The Year award ၊ FEMALE FIGHTER OF THE YEAR ၊ BREAKTHROUGH FIGHTER OF THE YEAR ၊ INTERNATIONAL FIGHTER OF THE YEAR ၊ FIGHT OF THE YEAR ၊ KNOCKOUT OF THE YEAR SUBMISSION OF THE YEAR ၊ COMEBACK OF THE YEAR ၊ UPSET OF THE YEAR ဆုတို့ ပါဝင်နေပြီး အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံး Trainer ဆု၊ အကောင်းဆုံးအားကစားလေ့ကျင့်ရုံဆု၊ အကောင်းဆုံးဒိုင်လူကြီးဆု၊ အကောင်းဆုံး Ring Girl ဆုတွေအပါအဝင် စုစုပေါင်း ၂၁ဆုအထိ ပါဝင်နေတယ်လို့ World MMA Awards ဝက်ဘ်ဆိုက်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ 

အောင်လအန်ဆန်ကတော့ ၂၀၁၉ ခုနှစ်ရဲ့ INTERNATIONAL FIGHTER OF THE YEAR ဆုကို ရရှိထားခဲ့သူဖြစ်ပြီးတော့ အဆိုပါဆုကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကို ပိုင်ဆိုင်နေတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဆန္ဒမဲပေးမှုနဲ့ ရွေးချယ်သွားမှာဖြစ်ပြီး www.worldmmaawards.com/nominees/ မှာ ဝင်ရောက်ကာ Voting လုပ်ပြီး ရွေးချယ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ 

ဆုရရှိသူတွေကိုတော့ အောက်တိုဘာလအတွင်းမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပြီး မြန်မာ့စပါးကြီးမြွေလို့ MMA လောကမှာ ထင်ရှားကျော်ကြားနေတဲ့ အောင်လအန်ဆန်က သူ့ရဲ့ပြိုင်ဘက်တွေကို ကျော်ဖြတ်သွားနိုင်မလား စောင့်ကြည့်ရတော့မှာပါ။ လက်ရှိမှာတော့ အောင်လအန်ဆန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် နေအိမ်မှာပဲ ၁၄ ရက်ကြာ ကွာရန်တင်းနေထိုင်ရမယ်လို့လည်း ဒီနေ့မနက်ပိုင်းက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ပရိသတ်တွေကို အသိပေးထားတာကိုလည်း တွေ့ရပါတယ်။ 


Author


က္က